အခန်း ( ၆၆ ) အဓိပဓိယွမ်ထျန်း၏ ရတနာလျှို့ဝှက်ချက်၊ ကျိရွှမ်၏ အစီအစဉ်၊ ကျွင်းရွယ်ဟွမ် အန္တရာယ်ကျရောက်နေပြီ
အဓိပဓိယွမ်ထျန်း၏ ရတနာသိုက် အတွင်းပိုင်းတွင် ထူထဲသော မီးခိုးရောင် မြူခိုးများ ရှိနေသည်။
ဤနေရာရှိ တိတ်ဆိတ်ငြိမ်သက်နေပုံဟာ ထာဝရအေးခဲနေသည့်ပုံ ရ၏။
ထိုစဉ် ရွှေရောင်အလင်းများနှင့် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်ကား ကျိရွှမ်။
အဓိပိယွမ်ထျန်း၏ ရတနာသိုက်အတွင်းပိုင်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲနေကြောင်းသိသော်လည်း ကျိရွှမ်က ကျိရွှမ်က မကြောက်ပါချေ။
တခြားသူများထက် သူဟာ ဤရတနာသိုက်အကြောင်းကို ပိုသိ၏။
ယင်းက မြင့်မြတ်ဝိညာဉ်အကယ်ဒမီမှ သူရှာတွေ့ခဲ့သော ရှေးဟောင်းစာအုပ်အတွင်းမှ သိလာရခြင်းပင် ဖြစ်သည်။
ထို့ပြင် သူ့လက်ထဲ၌ ကျိမိသားစု၏ အကာကွယ်ရတနာတစ်ခုလည်း ရှိနေပါသေးသည်။
အကယ်၍ အခက်ကြုံလာလျှင် တည်နေရာရွှေ့ပြောင်းခြင်း တာပိုတံဆိပ်တော်အကြီးကိုသုံး၍ ထွက်ပြေးလိုက်ရုံပင်။ ဤအတွက် ဆုံးရှုံးမှုကြီးနိုင်လျှင်ပင် အနည်းဆုံးတော့ အသက်ဆက်ရှင်နိုင်၏။
ထိုသို့သော အစီစဉ်များအောက်တွင် ကျိရွှမ်၏ အသက်ဟာ အာမခံချက်များရှိနေတော့သည်။
ထို့ကြောင့်ပင် ကျိရွှမ်ဟာ ယခုအချိန်တွင် မိမိကိုယ်မိမိ ယုံကြည်မှုများ ပြည့်နှက်နေသည်။
"အဓိပဓိယွမ်ထျန်းက အရမ်းသန်မာတယ်။ တချိန်ကဆိုရင် သူက ဘိုးဘေးနဂါးသိုက်ကို စော်ကားခဲ့ပေမဲ့ ဘယ်သူမှ သူ့ကို အပြစ်မပြုဝံ့ဘူး"
"ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူကျဆုံးပြီး သမိုင်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ရတာပဲ"
"သူက မကျဆုံးခင် ဒေသခြားကို ခရီးထွက်ပြီး ရှားပါးရတနာတစ်ခုကို ရယူလာခဲ့တယ်"
"ဒီရတနာကိုရနိုင်သ၍ ငါဟာ ဒုတိယမြောက် ပြိုင်ဘက်ကင်းတဲ့ အဓိပဓိငယ်တစ်ယောက် ဖြစ်လာမှာပဲ"
ကျိရွှမ်က လမ်းလျှောက်ရင်း ရေရွတ်လိုက်သည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
ESTÁS LEYENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...