အခန်း ( ၁၃၆ ) သားနို့စ်သူတော်စင်ဘုရင်လက်အိတ်၊ ကောင်းကင်တာအို အဆောက်အဦ၌ လက်မှတ်ထိုးဝင်ပါ၊ တစ်ချက်ထိုးမင်းသား ဖြစ်လာတော့မှာပဲ။
အစပိုင်းတွင် အင်မော်တယ်နယ်မြေကြီး၏ ထိပ်တန်းအင်အားစုအနည်းငယ်သာ အောက်ကမ္ဘာမှ လှုပ်ခတ်မှုများအကြောင်း သိသည်။
သို့ရာတွင် အချိန်ကြာလာသည်နှင့် အင်အားစုအားလုံးက သဲလွန်စများ ရလာခဲ့ကြသည်။
ဤအတွက် ကျွင်းရှောင်ယောက်က အလျင်မလိုပေ။
ဤအတောအတွင်း သူဟာ လုံလောက်အောင် ပြင်ဆင်မှုများ ပြုလုပ်၍ရသည်။
ဆန့်ကျင်ဘက်အားဖြင့် အခြားအရာသည် ကျွင်းရှောင်ယောက်ကို ပို၍ အာရုံစိုက်စေခဲ့၏။
"အဘိုး၊ မြင့်မြတ်ဝိညာဉ်အကယ်ဒမီက မြင့်မြတ်ဝိညာဉ်ပြန်လည်ဝင်စားခြင်းအကြောင်းကို ပြောပြပါဦး"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။သူသည် အနှိုင်းမဲ့အရိုးမှ မူမမှန်မှုအကြောင်းကိုလည်း ကျွင်းကျန်းထျန်းကို ပြောပြလိုက်၏။
ယင်းက လျှို့ဝှက်ချက် မဟုတ်ပေ။
"အိမ်း၊ ဒီအတွက်တော့ မြင့်မြတ်ဝိညာဉ်အကယ်ဒမီကို တကယ်ပဲသွားဖို့လိုလာခဲ့ပြီပဲ။ မြင့်မြတ်ဝိညာဉ်အကယ်ဒမီက ကောင်းကင်တာအိုအဆောက်ဦးကို ဖွင့်တော့မှာလေ၊ ကောင်းကင်တာအိုအဆောက်ဦးရဲ့ အပေါ်ဆုံးထပ်မှာ မြင့်မြတ်ဝိညာဉ်ဆမ်ဆာရာရဲ့ ကောင်းကင်တာအိုမျိုးစေ့ ရှိနိုင်တယ်"
ကျွင်းကျန်းထျန်းက ပြောလိုက်သည်။"ကောင်းကင်တာအို အဆောက်အဦးလား"
ကျွင်းရှောင်ယောက် မျက်ခုံးပင့်လိုက်၏။ထိုအခိုက်တွင် သူ့စိတ်ထဲ၌ စနစ်အသံ ထွက်ပေါ်လာသည်။
"ဒင်၊ ဂုဏ်ယူပါတယ် ပိုင်ရှင်၊ လက်မှတ်ထိုးဝင်ဖို့ တည်နေရာအသစ်ကို ပြန်လည်ဆန်းသစ်ပြီးပါပြီ၊ ကျေးဇူးပြုပြီး ကောင်းကင်တာအိုအဆောက်အဦးမှာ လက်မှတ်ထိုးဝင်ပါ"ကျွင်းရှောင်ယောက်က တည်ငြိမ်စွာပင် နားထောင်နေသည်။
ကျွင်းကျန်းထျန်းကလည်း ရှင်းပြလိုက်၏။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...