အပိုင်း ၄၀

1.1K 83 0
                                    

အခန်း ( ၄၀ ) ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကပ်ဘေး၊ မိုးကြိုးကပ်ဘေးနှင့် ခန္ဓာကိုယ်သန့်စင်ခြင်း

ကျွင်းရှောင်ယောက်က ဆယ်နှစ်သားနှင့် အစစ်အမှန်ဝိညာဉ်အဆင့်ကိုးသို့ ရောက်ရှိနိုင်ကာ အလွန်သန်မာလွန်း၏။ ထိုတစ်ချက်တည်းကပင် အလွန်အံ့သင့်စရာ ကောင်းနေခဲ့ချေပြီ။

ကျွင်းရှောင်ယောက်ထံမှ ကြောက်စရာအရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသောအခါ ဧည့်သည်အားလုံး အံ့ဩသွားကြသည်။

သူက နောက်တကြိမ် အဆင့်တက်တော့မည်လော။

"မကောင်းတော့ဘူး... ဒါက ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကပ်ဘေးဒုက္ခများလား"
ကောင်းကင်ယံမှ တိမ်မည်းများကိုမြင်သောအခါ ကျွင်းကျန်းထျန်းမျက်နှာက မည်းမှောင်သွားသည်။

ပုံမှန်အားဖြင့် ကျင့်ကြံသူများဟာ အစစ်အမှန်ဝိညာဉ်နယ်ပယ်မှ ကောင်းကင်တံတားသို့ ချိုးဖြတ်ရာတွင် ကပ်ဘေးဒုက္ခများအား ရင်ဆိုင်စရာမလိုပေ။

သို့သော် ရှေးဟောင်းမြင့်မြတ်ခန္ဓာပိုင်ရှင်များအတွက်တော့ မတူတော့ပါချေ။

ဤခန္ဓာများကို ကောင်းကင်မှ တားမြစ်ထားပြီး နိုးထစမှာပင် ရွှေကြိုးဆယ်ချောင်းဖြင့် ချုပ်နှောင်ခံထားခဲ့ရသည် မဟုတ်ပါလား။

ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပိုင်ရှင်များဟာ ကြီးမားသော အောင်မြင်မှုတစ်ခုခုရတိုင်း ကပ်ဘေးတစ်ခုခု ဆင်းသက်လာခဲ့ပေလိမ့်မည်။ 

ကျွင်းကျန်းထျန်းအပြင် တခြားသူများကလည်း ဤသည်ကို သတိထားမိ၏။

"ဒါက ရှေးဟောင်းမြင့်မြတ်ခန္ဓာ ကပ်ဘေးဒုက္ခများလား"

"ဟုတ်တယ်ဗျ... ဒါပဲ..။ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပိုင်ရှင်များအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုခုရတိုင်း ကပ်ဘေးဒုက္ခတွေ ဆင်းသက်လိမ့်မယ်..။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်အတွက်တော့ စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့တော့မယ်"

ကျင့်ကြံသူများ အကြောက်ဆုံးအရာဟာ ကပ်ဘေးဒုက္ခကို ဖြတ်သန်းရခြင်းဖြစ်သည်။ အကယ်၍ ဂရုမစိုက်မိလျှင် အရာအားလုံး ပျက်သုဉ်းသွားရပေလိမ့်မည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now