အခန်း ( ၃၀၁ ) လျှို့ဝှက်ဆန်းကျယ်သော အင်အားစုများ ကျန်းမိသားစုသို့ သွားရောက်မည်၊ ကျွင်းရှောင်ယောက် ရောက်လာပြီ၊ ကျန်းချူဟန်။
ရှေးဟောင်းမင်းမျိုးနွယ် ကျန်းမိသားစုသည် ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရှိ တာအိုစီရင်စု သုံးထောင်အနက် တစ်ခုဖြစ်သော အဇူရာစီရင်စုတွင် ရှိသည်။
ယင်းက ကျွင်းမိသားစုတည်ရှိရာ ဧကရာဇ်စီရင်စုနှင့် ဝေး၏။
သို့သော်လည်း တာအိုစီရင်စုများကြားတွင် တည်နေရာရွှေ့ပြောင်းခြင်း အစီရင်များစွာရှိသောကြောင့် အချိန်သိပ်မကြာပါ။
ကျွင်းရှောင်ယောက်က ဤတစ်ခေါက်သွားချိန်တွင် လှုပ်ရှားမှုမရှိဘဲ လူသိလည်း သိပ်မများပေ။
ကျန်းမိသားစုကလည်း ကျန်းတောက်ရွှီ ရောဂါအပြင်းအထန် ခံစားနေရခြင်းကို သတင်းမဖြန့်ခဲ့ပေ။
နောက်ဆုံးတွင် အဓိပဓိတစ်ဦး တစ်စုံတစ်ခုဖြစ်ခဲ့ခြင်းက အင်မော်တယ်မျိုးရိုးတစ်ခုအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိဆဲ ဖြစ်သည်။
ကျွင်းမိသားစုကဲ့သို့ အင်မော်တယ်မျိုးရိုးတစ်ခုပင် ဘိုးဘွားခန်းမထဲမှ ထိပ်တန်းတန်ခိုးရှင်များကို ပေါ့ပေါ့တန်တန် ထုတ်ဖော်ခြင်း မပြုနိုင်ပေ။
ကျန်းမိသားစု၏ နောက်ခံက အလွန်နက်ရှိုင်းသည်။ ၎င်းတို့တွင် အဓိပဓိတန်ခိုးရှင်လည်း အရေအတွက် တစ်ခုအထိ ရှိ၏။ သို့သော်လည်း ကျွင်းမိသားစုလောက်တော့ မများပေ။
ကျန်းမိသားစုက ကျွင်းမိသားစုထက် အနည်းငယ် နိမ့်ကျသော်လည်း အခြေအနေအလွန်ဆိုးနေခြင်းလည်း မဟုတ်ခဲ့ပါ။
အင်မော်တယ် မျိုးရိုးများကြား၌ ၎င်းတို့သည် ထိပ်တန်းအဆင့်တွင် တည်ရှိနေနိုင်ဆဲ ဖြစ်သည်။
ကျွင်းရှောင်ယောက်နှင့် တခြားသူများ ထွက်လာခဲ့ကြချိန်...
အင်မော်တယ်နယ်မြေကြီး၏ မြောက်ဘက်စွန်းရှိ တာအိုစီရင်စုတစ်ခုတွင်…
ရှေးဟောင်းမျိုးနွယ်စု နယ်မြေတစ်ခုရှိပြီး ထိုမှ အသံတစ်ခု ထွက်လာသည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...