အခန်း ( ၃၈၆ ) ဗုဒ္ဓသမီးတော် မြောင်ဝူရှင်းနှင့် သူတော်စင်သမီးတော် ပေမီဟူကို ထွက်ပေါ်လာသည်၊ ရန်ချင်းယင်ကို ဝိုင်းရံခြင်း။
အကယ်၍ သူတော်စင်သမီးတော်၏ လက်အောက်ငယ်သားများသာ ရန်ချင်းယင်ကို လိုက်ဖမ်းနေလျှင် ကျွင်းရှောင်ယောက်က အလွန်စိုးရိမ်နေစရာ မလိုပေ။
ရန်ချင်းယင်သည် ဝါးမျိုခြင်း ဖင်းဂေါ့ကျမ်း၏ ဆက်ခံသူဖြစ်သောကြောင့် ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်သေးသည်။
သို့သော်လည်း ဗုဒ္ဓသမီးတော်ကိုပါ ထည့်ပေါင်းလိုင်ရင်တော့ အခြေအနေက မတူတော့ပါ။
ရှေးခေတ်မှ ယနေ့အထိ အင်မော်တယ်ဂိုဏ်းတစ်ခုအနေဖြင့် အနောက်ဘက် နိဗ္ဗာန်ဘုံသည် အလွန်နှိမ့်ချနေခဲ့သည်။ သို့ရာတွင် များစွာ လျှို့ဝှက်ဆန်းကြယ်လွန်း၏။အရေးကြီးဆုံးအချက်မှာ အနောက်ဘက် နိဗ္ဗာန်ဘုံနှင့် ကျွင်းရှောင်ယောက်က ရန်ငြိုးဖွဲ့ထားခြင်း ဖြစ်သည်။
အနောက်ဘက် နိဗ္ဗာန်ဘုံ၏ ဗုဒ္ဓသားတော် ဖာဟိုင်သည် အောက်ကမ္ဘာတွင် ကျွင်းရှောင်ယောက်မှ သတ်ဖြတ်ခံခဲ့ရသည်။
အနောက်ဘက်နိဗ္ဗာန်ဘုံက ဤကိစ္စကို ထင်မြင်ချက်တစ်စုံတစ်ရာ ထုတ်ပေးခြင်းတော့ မရှိပေ။
သို့သော် အနောက်ဘက်နိဗ္ဗာန်ဘုံသည် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်နေမည်မဟုတ်သည်မှာ ထင်ရှားသည်။
ယင်းကလည်း ကျွင်းရှောင်ယောက်၏ အထောက်အထားနှင့် နောက်ခံကြောင့်သာ ဖြစ်ချေသည်။ ၎င်းတို့က ဖာဟိုင်၏ သေဆုံးခြင်းအတွက် ကျွင်းရှောင်ယောက်ကို အနှောင့်အယှက်မပေးခဲ့ပါ။
သို့သော်လည်း ယခုအခါ ဗုဒ္ဓသမီးတော်က ရန်ချင်းယင်ကို ပစ်မှတ်ထားနေပြီ ဖြစ်သည်။
ဤသည်မှာ ရန်ချင်းယင်က ဝါးမျိုခြင်းဖင်းဂေါ့ကျမ်း၏ ဆက်ခံသူဟူသော အချက်တစ်ခုတည်းကြောင့် မဖြစ်နိုင်ပေ။
ထိုအစား သူ့ကို လက်စားချေရန် ဖြစ်နိုင်သည်။
"သူတို့က သေချင်နေတာပဲ"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Pertualanganဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...