အပိုင်း ၁၈၆ မှ ၁၉၀

805 67 0
                                    

အခန်း ( ၁၈၆ ) ကြယ်သားရဲဒီရေ၊ မိုဖန်း လက်မခံနိုင်ဖြစ်နေသည်၊ ကြယ်နန်းတော်၏ ရတနာအိမ် ထွက်ပေါ်လာခဲ့ပြီ။
  
အမှောင်နယ်မြေသည် ရှေးကတည်းက ကြယ်တာရာတိုက်ကြီး၏ တားမြစ်နယ်မြေတစ်ခုဖြစ်ခဲ့ပြီး ဝင်ရောက်ဝံ့သူက အနည်းငယ်သာရှိသည်။

ယနေ့တွင်ကား ထာဝရဆိတ်ငြိမ်မှုလည်း ပျက်ပြားသွားချေပြီ။

ယခုအခါ ဤရှေးဟောင်းအမှောင်နယ်မြေတွင်းသို့ မသေမျိုးတစ်ယောက်ကဲ့သို့ အဖြူရောင်ဝတ်စုံ လူတစ်ရိပ်တစ်ခု ရောက်လာသည်။
   
"ဒီအမှောင်နယ်မြေရဲ့ ပတ်ဝန်းကျင်က သဘာဝအတိုင်းမှ မဟုတ်ဘဲ၊ ဒါက လူလုပ်ဝင်္ကပါတစ်ခုကနေ ဖြစ်ပေါ်လာခဲ့တာ"
အတွင်းကို ရောက်လာသည်နှင့် ကျွင်းရှောင်ယောက်သည် ဝင်္ကပါလည်ပတ်မှု အပြောင်းအလဲများအား သတိပြုမိသွားသည်။
   
ထိုအချိန်တွင် ကျွင်းရှောင်ယောက်စိတ်ထဲမှ အမှောင်နယ်မြေတွင် ဝူကျိကြယ်သခင်၏ ကြယ်နန်းတော်၏ ရတနာအိမ်ရှိနိုင်သည်ဟူသောအချက်ကို ပို၍သေချာလာတော့သည်။

ကျွင်းရှောင်ယောက်က အောက်ကိုငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် အဖြူရောင်အရိုးများစွာ ပြန့်ကျဲနေကြောင်း မြင်လိုက်ရသည်။ ၎င်းမှာ ရှေးယခင်က အမှောင်နယ်မြေသို့ ဝင်ရောက်လာသူများ ဖြစ်နိုင်လောက်ပေသည်။

ထို့အပြင် အမျိုးအမည်မသိ သားရဲအရိုးများစွာလည်း ရှိသေးသည်။

ဤအရာမှ အမှောင်နယ်မြေတွင် မည်သည့်သက်ရှိသတ္တဝါမျှမရှိကြောင်း သိနိုင်သည်။

ကျွင်းရှောင်ယောက်က ထိုသို့တွေးနေချိန်တွင် မြေပြင်ဟာ ရုတ်တရက် တုန်ခါသွားသည်။

"ဝုန်း ဝုန်း"
အမှောင်နယ်မြေတစ်ခုလုံးလည်း တုန်ခါလာ၏။

"ဘာတွေဖြစ်နေတာလဲ"

"တစ်ခုခုမှားသွားလို့လား"

ကြယ်တာရာတိုက်ကြီးမှ ကျင့်ကြံသူများလည်း စိတ်မသက်မသာဖြစ်လာကြသည်။
   
ယခုလည်း ကျွင်းရှောင်ယောက်သာ ဦးဆောင်မှုမရှိလျှင် သူတို့ လုံးဝ ဝင်ဝံ့ကြမည်မှာ မဟုတ်ပေ။

အဝေးတွင် ထူထပ်သော အနက်ရောင် ဒီရေလှိုင်းကြီး တိုက်ခတ်လာသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Dove le storie prendono vita. Scoprilo ora