671 - 675

594 42 0
                                    

အခန်း ( ၆၇၁ ) ကျွင်းရှောင်ယောက် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီ၊ ဆယ့်တစ်ခုမြောက် အင်မော်တယ်စွမ်းအင်၊ ရွှေကျီးကန်း ဒသမမင်းသား၏ ဓမ္မခန္ဓာ။

ကျွီချွယ်မြို့မှ လျှို့ဝှက်ခန်းတစ်ခုတွင်...

ကျွင်းရှောင်ယောက်က တင်ပျဉ်ခွေထိုင်နေသည်။ သူ့ခန္ဓာကိုယ်အတွင်းမှာတော့ လေနှင့် မိုးခြိမ်းသံများ ထွက်ပေါ်နေခဲ့၏။

၎င်းက သူ့ခန္ဓာကိုယ်ထဲတွင် ပွင့်လာတော့မည့် ကမ္ဘာတစ်ခု ရှိနေသကဲ့သို့ပင် ဖြစ်သည်။

စကြာဝဠာ ဖန်ဆင်းခြင်း၊ အရာခပ်သိမ်းတို့ ဆင့်ကဲပြောင်းလဲခြင်း။

ဤသည်က သူ့အဆင့်နှင့် ထိတွေ့နိုင်သင့်သောအရာ မဟုတ်ပေ။
  
သာမန်အဓိပဓိများအတွက်ပင် ဤသည်က ပုံမှန်သတ်မှတ်ချက်ထက် အနည်းငယ် ကျော်လွန်သည်။

ဆဋ္ဌမအဆင့် နတ်ဖန်ဆင်းခြင်းအဓိပဓိ သို့မဟုတ် သတ္တမအဆင့် ပျက်စီးခြင်းတာအိုသခင်များသာ ဤအရာများကို ထိတွေ့နိုင်ကြသည်။

စကြဝဠာကို ဆင့်ကဲပြောင်းလဲပြီး သဘာဝတရားအား အမှန်တကယ် ပြောင်းလဲထိန်းချုပ်လိုပါက အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိရသည်။

ယခုမူ၊ ကျွင်းရှောင်ယောက်က သူတော်စင်နယ်ပယ် ကြီးမားသော ပြီးပြည့်စုံမှုသို့သာ ရောက်သေးသော်လည်း ထိုအဆင့်သို့ ထိတွေ့မိနေပြီ။

၎င်းက မရေမတွက်နိုင်သော ပါရမီရှင်များကို ခေတ်ကာလတစ်လျှောက်လုံး ရှက်ရွံ့သွားစေရန် လုံလောက်သည်။

"ဝုန်း"
အချိန်ကြာလာသည်နှင့်အမျှ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

သူ့ဆဲလ်တစ်ခုက မေယုကမ္ဘာ ထပ်မံဖြစ်သွား၏။
 
အတွင်းစကြာဝဠာကို နားလည်ဆင်ခြင်နေစဉ်တွင်၊ ကျွင်းရှောင်ယောက်က အမျိုးမျိုးသော ရတနာများ၊ ပျက်စီးခြင်း အရင်းအမြစ်ကျောက်၊ အရာအားလုံး၏မိခင်ချီစွမ်းအင်တို့ကို အသုံးပြု၍လည်း မေယုကမ္ဘာများ ဖြစ်ပေါ်စေရန် ကြိုးစားနေသည်။

ဤနှစ်ခုကြားတွင် အရည်အသွေး ကွဲပြားမှုများရှိသော်လည်း တူညီမှုအချို့ ရှိ၏။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Wo Geschichten leben. Entdecke jetzt