အခန်း ( ၆ ) အကြွင်းမဲ့ထာဝရနယ်ပယ်သို့ ချိုးဖြတ်ခြင်း၊ ကျွင်းလင်းလုံက နောက်လိုက်ဖြစ်ချင်တာလား
ကျွင်းကျန်းကျန့်ဟာ တိုင်ယွဲ့ ရှေးဟောင်းကျောက်စာတိုင်တွင် အင်အား ဂျင်ငါးသန်းနှင့် စံချိန်တင်ထားခဲ့သူပင် ဖြစ်သည်။
သူက ကျွင်းမိသားစု တစ်ခုလုံး၏ မျိုးဆက်သစ်လူငယ်တွေထဲတွင် အသန်မာဆုံးတော့ မဟုတ်ပေ။
တိုင်ယွဲ့ ရှေးဟောင်းကျောက်စာတိုင်တွင် စမ်းသပ်မှုမခံယူသေးသော ပါရမီရှင်များလည်းရှိနေကြသေး၏။ စီကွမ်များတွင် အများစုက အပြင်ရောက်နေခြင်း၊ သို့မဟုတ် တံခါးပိတ်ကျင့်ကြံခြင်းများ ပြုလုပ်နေကြသည်။
ထို့ကြောင့် လက်ရှိတွင် ကျွင်းကျန်းကျန့်က အသန်မာဆုံးပင် ဖြစ်၏။
ယခု ကျွင်းကျန်းကျန့်လှုပ်ရှားတော့မည်ကို မြင်သောအခါ အားလုံး စိတ်လှုပ်ရှားစွာ စိုက်ကြည့်လာကြတော့သည်။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက်က ရွှေဇွန်းကိုက်၍ မွေးဖွားလာသော နတ်ဘုရားသားတော်ပင် မဟုတ်ပါလား။
ထို့ကြောင့်ပင် သူ့လှုပ်ရှားမှုတိုင်းကို အားလုံးက စောင့်ကြည့်နေခဲ့ကြပေသည်။
ကျွင်းရှောင်ယောက်၏ လှုပ်ရှားပုံက အဆင်မပြေလျှင် အပေါ်ယံ ထုတ်မပြဝံ့သည့်တိုင် စိတ်ထဲမှ လှောင်ပြောင်သရော်နေတော့မည်မှာ အသေအချာပင် ဖြစ်သည်။
ထိုအတွက် ကောင်းကင်တွင် ပုန်းကွယ်နေသော ကျွင်းကျန်းထျန်းပင် အနည်းငယ် စိတ်လှုပ်ရှားသွား၏။
ကျွင်းရှောင်ယောက်၏ ယခုလှုပ်ရှားမှုက ကျွင်းမိသားစုတစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်သက်ဆိုင်နေခဲ့ပေသည်။
ကျွင်းရှောင်ယောက်ကတော့ အများကြီးမတွေးပေ။ သူဟာ အဆင့်တက်သွားသောကြောင့် မိမိခွန်အားကို စမ်းသပ်လိုနေခြင်း ဖြစ်သည်။
သူဟာ အလွန်ရိုးရှင်းစွာပင် လက်သီးကိုဆုပ်လိုက်၏။
ဆင်ကြီးတစ်ထောင် ပြေးလွှားဝင်ရောက်လာသကဲ့သို့ သူ့ခန္ဓာအတွင်းမှ ကြောက်စရာ ခွန်အားများဟာ ကြွက်သားများမှတစ်ဆင့် လက်သီးထံ စီးဆင်းသွားခဲ့သည်။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...