အခန်း ( ၆၆၁ ) ကျွင်းရှောင်ယောက်ကို ဆွဲယူလိုသော ရှမိသားစု၊ ကျွီချွယ်မြို့သို့အပြန်။
ရှမိသားစုမှ အကြီးအကဲအားလုံး၏ စိတ်နှလုံးထဲတွင် တူညီသောအတွေးများ ဝင်လာခဲ့ကြသည်။
ဤသို့သော ပါရမီရှင်မျိုးကို လက်လွှတ်လိုက်ရပါက နှာမြောစရာပင်။
သရဲမျက်နှာဖုံးနှင့်လူငယ်က မိန်းမရှိပြီးသားဖြစ်သော်လည်း ရှမိသားစုကတော့ ဂရုမစိုက်ပါ။
ထိုပါရမီရှင်မျိုးကို ဆွဲခေါ်နိုင်ပါက အားထုတ်ရကျိုးနပ်နိုင်သည်။
ကျွင်းရှောင်ယောက်က သရဲမျက်နှာဖုံးကို မချွတ်သောကြောင့် ရှိသားစုမှ အကြီးအကဲများကလည်း ဝိညာဉ်အသိဖြင့် အလျင်စလို စူးစမ်းခြင်းမျိုး မပြုခဲ့ကြပေ။ ထိုအပြုအမူက ရိုင်းစိုင်းလွန်းလှသည်။သို့သော်လည်း၊ တကယ်တမ်းတွင် ကျွင်းရှောင်ယောက် ဆန္ဒမရှိပါက မည်သူမျှ သိရှိနိုင်မည် မဟုတ်ချေ။
"ချူချင်း၊ ဒီသခင်လေးက မင်းကိုကယ်ဖို့ အပြစ်သားဂူကျင်းထဲကိုတောင် နက်နက်နဲနဲ ဝင်လာခဲ့တာ။ မင်း သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ပါဦး"
ရှမိသားစု၏ အကြီးအကဲတစ်ယောက်က ပြုံးလျက် ပြောလိုက်သည်။၎င်းက ရှချူချင်းအတွက် အခွင့်အလမ်းများ ဖန်တီးပေးနေခြင်း ဖြစ်ချေသည်။
" ချူချင်းကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်"
ရှချူချင်းက ခေါင်းငုံ့ပြီး ပြောလိုက်သည်။ ဤအခိုက်တွင် ရှချူချင်း၏ မျက်နှာလေးက ပန်းသီးတစ်လုံးကဲ့သို့ နီမြန်းနေပြီး ချစ်စရာကောင်းသလို ဆွဲဆောင်မှုလည်း ရှိနေသည်။
ခိုင်မာသောခွန်အား၊ တည်ငြိမ်သောစိတ်ထားနှင့် လျှို့ဝှက်ဆန်းကြယ်သောလက္ခဏာ။မိန်းကလေးများကို ဆွဲဆောင်နိုင်သော လက္ခဏာအမျိုးမျိုးက ကျွင်းရှောင်ယောက်ထံတွင် အထင်အရှား ပေါ်လွင်နေခဲ့ပေသည်။
"မင်း ဒီလိုဖြစ်စရာမလိုပါဘူး၊ ဒါက အသေးအဖွဲကိစ္စပဲ။ ဒီလောကကြီးထဲမှာ မတရားမှုတွေ ရှိနေတယ်၊ ငါက ဒါကိုပြင်ဖို့ ဆန္ဒရှိပါတယ်"
ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြုံးကာ ပြောလိုက်သည်။"လောကကြီးမှာ မတရားမှုတွေ ရှိတယ်၊ ငါက ဒါကို ပြင်ချင်တယ်..."
ရှချူချင်းလည်း ထိုစကားများကို ခပ်တိုးတိုး လိုက်ပါရေရွတ်လိုက်မိ၏။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...