အခန်း ( ၄၁၁ ) မင်းတို့တွေက မာနကြီးလွန်းနေတာလား၊ ဒါမှမဟုတ် ကျွင်းမိသားစုကပဲ ဓါးကိုဆွဲထုတ်ဖို့ အားနည်းနေတာလား။
ကျွင်းရှောင်ယောက်၏ ထွက်ပေါ်လာခြင်းမှာ လူတိုင်း၏ မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့သည်။
ကျွင်းရွယ်ဟွမ်နှင့် ကျွင်းရှီယုလည်း လွန်စွာ စိတ်လှုပ်ရှားသွားကြ၏။
ယင်းက မိုးပြိုကာနီး ကောင်းကင်ထောက်တိုင်ကြီးကို မြင်လိုက်ရသလိုပင်။
"မင်းတို့ မနိုင်ရင် ဘယ်လိုပြေးရမလဲမသိဘူးလား"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။"ရွယ်ဟွမ်က ကျွင်းမိသားစုရဲ့ ဂုဏ်သိက္ခာကို မဆုံးရှုံးစေချင်လို့ပါ။ နောက်ပြီး... သခင်လေးကို အရှက်မရစေချင်ဘူး"
ကျွင်းရွယ်ဟွမ်က အမှားတစ်ခုခု လုပ်ထားမိသော ကလေးတစ်ယောက်နှယ် ခေါင်းကိုငုံ့ပြီး ညည်းညူလိုက်သည်။သူနှင့် ကျွင်းကျန်းကျန့်၊ ကျွင်းဝမ်ကျဲတို့ဟာ ကျွင်းရှောင်ယောက်၏နောက်သို့ ပထမဆုံး လိုက်ပါကြသူများ ဖြစ်သည်။
ထိုအတွက် သူနှင့် ကျွင်းရှောင်ယောက်ကြားမှ ဆက်ဆံရေးကလည်း အခြားစီကွမ်များနှင့် သဘာဝအတိုင်း မတူပေ။
"မိုက်မဲတဲ့ကောင်မလေး၊ နောက်တစ်ခါ ဒီလိုမလုပ်နဲ့။ မင်းတစ်ခုခုဖြစ်သွားရင် ငါပျော်နိုင်မှာ မဟုတ်ဘူး"
ကျွင်းရှောင်ယောက်လည်း အကူအညီမဲ့ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။ပြောင်လှောင်ပုံရသော်လည်း ကြင်နာမှုများပါသည့် စကားများကိုကြားတော့ ကျွင်းရွယ်ဟွမ် ရှက်ရွံ့သွားကာ ခေါင်းညိတ်လိုက်လေသည်။
တစ်ဖက်တွင်မူ ကျွင်းရှီယုက မနာလိုသည့် အရိပ်အယောင်များကို လှစ်ဟလာခဲ့သည်။
ကံမကောင်းစွာဖြင့် ကျွင်းရှီယုဟာ ယလင်အချိန်များက ကျွင်းရှောင်ယောက်ကို သိပ်ပြီး အထင်မကြီးခဲ့ပေ၊ နောက်ပိုင်းမှသာ စိတ်ပြောင်းသွားလာခဲ့သူ ဖြစ်သည်။
"ဒါပေါ့၊ ရှီယု... မင်းလည်း အတူတူပဲ၊ ဘယ်စီကွမ်ပဲဖြစ်ဖြစ် တစ်ခုခုဖြစ်မှာကို ငါမလိုချင်ဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ထို့အပြင်၊ သူက ကျွင်းမိသားစု၏ စီကွမ်သုညလည်းဖြစ်၍ မိသားစုမှစီကွမ်များကို ကူညီရိုင်းပင်းရန် တာဝန်ရှိသည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
CZYTASZ
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Przygodoweဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...