အခန်း ( 56 ) ရှေးဟောင်းအကြွင်းကျန်သားရဲကို သတ်ဖြတ်ခြင်း၊ ကျွမ်းကျင်သူများ စုရုံးကြပြီ၊ မင်းတို့တစ်မျိုးလုံးက နုံချာချာတွေပဲလား
ပေါင်းစည်းခြင်းအဆင့် ရှေးဟောင်းအကြွင်းကျန်သားရဲနှင့် ရင်ဆိုင်ရာတွင် ကျိရွှမ်အတွက်ပင် အခက်အခဲရှိသည်။
ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်နိမ့်သော ကျွင်းရှောင်ယောက်အတွက်တော့ အခွင့်အရေး မရှိသလောက်ပင်။
ကျိပန်းရင်က အများကြီးမပြောသော်လည်း စိတ်မကောင်းစရာ မြင်ကွင်းများကို စောင့်မျှော်နေမှန်း ထင်ရှားသည်။
ကျွင်းကျန်းထျန်းသည်ကား အပြောင်းအလဲမရှိသော မျက်နှာအနူအရာနှင့် ခပ်အေးအေးသာ ပြုံးနေသည်။
ကျွင်းရှောင်ယောက်ခွန်အားက ဘယ်အတိုင်းအတာရှိသည်ကို သူအသိဆုံးပင် မဟုတ်ပါလား။
ထိုအချိန်တွင် ကျွင်းရှောင်ယောက်က ဒေါသတကြီးဖြင့် ပြေးလာနေသော နတ်ဆိုးမျောက်ဝံကို စိုက်ကြည့်လိုက်၏။ သူ၏ ချောမောခန့်ညားသော မျက်နှာမူကား အပြောင်းအလဲမရှိပါချေ။
သူ့လက်ကိုမြှောက်လိုက်သည်နှင့် ဝိညာဉ်ပင်လယ်အတွင်းမှ ရွှေရောင်စွမ်းအင် ပင်လယ်ရေများဟာ တဝုန်းဝုန်း ရိုက်ခတ်လာသည်။
ရွှေရောင်စွမ်းအင်များက လေထဲတွင် ဓား၊ လှံ... အစရှိသော ရတနာလက်နက်မျိုးစုံအား ဖြစ်ပေါ်လာစေခဲ့၏။
၎င်းက ကျွင်းမိသားစု၏ လက်နက်တစ်သောင်း မုန်တိုင်းသိုင်းသာ ဖြစ်သည်။
"သွား"
ကျွင်းရှောင်ယောက်က လက်ညိုးတစ်ချက်ညွှန်လိုက်သောအခါ လက်နက်များက နတ်ဆိုးမျောက်ဝံထံသို့ ပြေးဝင်သွားခဲ့သည်။နတ်ဆိုးမျောက်ဝံလည်း အန္တရာယ်ကို ခံစားမိ၍ ကောင်းကင်ကိုမော့ကာ ဟိန်းဟောက်လိုက်၏ ထိုအခါ သူ့ကိုယ်တွင်းမှ နတ်ဆိုးစွမ်းအင်များက အနက်ရောင်ချပ်ဝတ်တန်ဆာအဖြစ် အခိုင်အမာ ထွက်ပေါ်လာတော့သည်။
"ဝုန်း"
တအုန်းအုန်းပေါက်ကွဲသံများနှင့်အတူ မရေတွက်နိုင်သော လက်နက်များက အနက်ရောင်ချပ်ဝတ်ကို ဖြိုခွဲပစ်လိုက်သည်။ သို့သော်လည်း နတ်ဆိုးမျောက်ဝံကို သိပ်ပြီး မထိခိုက်စေခဲ့ပေ။
VOUS LISEZ
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...