၄၇၁ - ၄၇၅

645 61 0
                                    

အခန်း ( ၄၇၁ ) မင်းတို့က အင်အားကို မသိဘူး၊ ဝှက်ဖဲအကုန် ထုတ်သုံးကြခြင်း၊ ကမ္ဘာခြားမှ မိစ္ဆာနဂါးဧကရာဇ်၏ အကြွင်းအကျန်။

"ဒါ... ဒါက အင်မော်တယ်ချီရဲ့ အရှိန်အဝါပဲ"
ဝမ့်ထန့်နှင့် လုံအိုထျန်းတို့ နှစ်ယောက်စလုံး၏ မျက်လုံးများက ဝိုင်းစက်ပြူးကျယ်ကာ ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။
   
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေသော အင်မော်တယ်စွမ်းအင်စီးကြောင်းကို စူးစူးစိုက်စိုက်စိုက်ကြည့်ကာ နှလုံးသားများ တုန်လှုပ်ချောက်ချားသွား၏။

အင်မော်တယ်။

၎င်းက ဖော်ပြချက်တစ်ခု မဟုတ်ဘဲ စစ်မှန်သော အင်‌မော်တယ်ချီကြိုးမျှင်တစ်ခု ဖြစ်သည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဧကရာဇ်လမ်းပေါ်က ပါရမီရှင်တွေပဲ အင်မော်တယ်စွမ်းအင်ကို စုပ်ယူနိုင်တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ အခုချိန်ကြီး စုပ်ယူထားနိုင်ရတာလဲ"
ဝမ့်ထန့်၏ ပါးနပ်သော စရိုက်ဖြင့်ပင် မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။
   
အင်မော်တယ်ချီကြိုးမျှင်၏ စွမ်းအားက အလွန်ကြောက်စရာကောင်းသည်။

ဧကရာဇ်လမ်းတွင်၊ အင်မော်တယ်စွမ်းအင်စီးကြောင်းကို စုစည်းထားနိုင်သော ပါရမီရှင်က အခြားပါရမီရှင်များကို ချေမှုန်းနိုင်သည်။ ၎င်းတို့ကို ဧကရာဇ်လမ်းရှိ တန်ခိုးရှင်ငယ်များဟု ဆို၍ရပေသည်။

ယခုမူ၊ ဧကရာဇ်လမ်းမဖွင့်မီပင် ကျွင်းရှောင်ယောက်က အင်မော်တယ်စွမ်းအင်တစ်စကို စုစည်းထားခဲ့ပြီ ဖြစ်သည်။

ယင်းမှာ၊ ကျွင်းရှောင်ယောက်က ဧကရာဇ်လမ်းသို့ မဝင်နိုင်မီကပင် တန်ခိုးရှင်ငယ်တစ်ဦး ဖြစ်လာပြီလို့ ဆိုလိုခြင်းပင် မဟုတ်လော။

ယင်းကို ဝမ့်ထန့်နှင့် အခြားသူများ လုံးဝ လက်မခံနိုင်ပေ။

အကယ်၍ ကျွင်းရှောင်ယောက်သာ အင်မော်တယ်စွမ်းအင်ကို ပေါင်းစည်းလိုက်ကြောင်း အပြင်လူများ သိလိုက်ပါက ကြီးမားသော ထိတ်လန့်တုန်လှုပ်ခြင်းများ ဖြစ်စေမည်မှာ သေချာသည်။

လုံအိုထျန်း၏ မျက်လုံးများမှာလည်း တုန်လှုပ်ခြင်းများ ပြည့်သွားသည်။ သူ့အမူအရာက‌တော့ အလွန် အေးစက်သွား၏။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now