အခန်း ( ၆၂၆ ) မြွေလူသားမျိုးနွယ်၏ ပူးပေါင်းကြံစည်မှု၊ အရပ်ရပ်မှ တားမြစ်ပါရမီရှင်များ။
ကြယ်ကောင်းကင်တွင် သွေးအခိုးအငွေ့များ လွင့်မျောသွားခဲ့သည်။
မပြည့်စုံသော နတ်သံကြိုးများလည်း အရောင် မှိန်ဖျော့လာခဲ့၏။
ယင်းက မီးလျှံမြွေစစ်သူကြီး၏ တာအိုစွမ်းအားဖြစ်ကာ ယခုတော့ ကမ္ဘာကြီးမှ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပြီ။
၎င်းက မဟာသူတော်စင်တစ်ပိုင်း၏ လုံးဝသေဆုံးခြင်းကိုလည်း ကိုယ်စားပြုသည်။
ကြယ်ကောင်းကင်အလယ်တွင် လက်နှစ်ဖက်ကိုနောက်ပစ်ပြီး အေးအေးလူလူရပ်နေသော ကျွင်းရှောင်ယောက်တစ်ဦးသာ ကျန်ရစ်ခဲ့လေသည်။
အဖြူရောင်အဝတ်အစားများနှင့် သူ့ပုံစံက သပ်ရပ်နေဆဲပင်။
သူ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာအနည်းငယ်မျှပင် မရှိခဲ့ပါချေ။
ကျွင်းရှောင်ယောက်၏ မျက်နှာက ကျေနပ်နေခြင်းမျိုးမရှိဘဲ လွန်စွာ တည်ငြိမ်မှုရှိခဲ့သည်။
သို့ရာတွင်၊ ဤသတင်းများသာ ပျံ့သွားပါက အားလုံး တုန်လှုပ်ရလိမ့်မည်။
သူတော်စင်နယ်ပယ်နှင့် မဟာဟူတော်စင်တစ်ပိုင်းကို သတ်ဖြတ်သည်။
ယင်းက လုံးဝ အံ့မခန်းပါပင်။
နတ်သမီးယွမ်၊ ရန်ယုမန် သို့မဟုတ် ထိုက်ယင်ကျောက်စိမ်းယုန်ဖြစ်စေ...
၎င်းက သခင်လေးဖုယွင်နှင့် အလုံးစုံမျိုးနွယ် စီးပွားရေးမဟာမိတ်မှ လူများ သို့မဟုတ် မြွေလူသားမျိုးနွယ်ဝင်များ ဖြစ်ပါစေ...
လူအားလုံး အသံမထွက်နိုင်ဘဲ တကိုယ်လုံး တောင့်တင်းသွားကြသည်။
ကြယ်ကောင်းကင်တစ်ခုလုံးပင် တိတ်ဆိတ်သွားပုံရလေသည်။
အချိန်အတော်ကြာပြီးမှ မြွေလူသားမျိုးနွယ်က ပထမဆုံး တုံ့ပြန်လာသည်။
မြွေလူသားစစ်သည်အားလုံး တုန်ယင်ကာ ကြက်သီးမွေးညင်းထောင်ထသွား၏။
အဖြူရောင်ဝတ်နှင့် ချောမောသောလူငယ်က သူတို့အမြင်မှာတော့ နတ်ဆိုးတစ်ကောင်နှင့် မခြားတော့ပေ။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Pertualanganဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...