အခန်း ( ၂၄၁ ) ကသောင်းကနင်းအခြေအနေ စတင်ခြင်း၊ အက်ကြောင်းဆယ်ခုကမ္ဘာလောက ပွင့်လာတော့မည်၊ နောက်ဆုံးအခွင့်အရေး။
ကျွင်းရှောင်ယောက်၏ အဖြေစကားကိုကြားမှ ကျန်းလော့လီ သက်ပြင်းချလိုက်မိလေသည်။အနည်းဆုံးတော့ သူမ အချစ်ဆုံးအစ်ကိုရှောင်ယောက်နှင့် ခဏလောက် ပို၍နေနိုင်သည်။
ရှေးဟောင်းမြင့်မြတ်တောင်တန်း ပျက်ဆီးသွားခြင်းသတင်းက အလုံးစုံတိုက်ကြီးတစ်ခွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းကို အင်မော်တယ်နယ်မြေကြီးရှိ ရှေးဟောင်းတော်ဝင်မိသားစုများကလည်း သဘာဝအတိုင်း သိခဲ့ရ၏။ထိုအတွက် ရှေးဟောင်းတော်ဝင်မိသားစုများမှာ ဒေါသတကြီးဖြစ်နေပြီဟူသော ကောလဟာလများပင် ထွက်လာတော့သည်။
သို့ရာတွင် လှုပ်ရှားမှုက မပြင်းထန်လွန်းပါ။အကြောင်းမှာ နောက်ဆုံးအခေါက်မှ ကြွေလွင့်နတ်ဘုရားနန်းတော်ရှိ အဓိပဓိနှင့်ပတ်သက်သော အခြေအနေများမှာ အားလုံးစိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်းရှိနေဆဲပင်။
၎င်းက ဒေါသတကြီး အော်ဟစ်ရုံရှိသေးသော်လည်း ကျွင်းမိသားစု၏ ဘိုးဘေးက ဓားဖြင့်ထွက်ခုတ်တာခံလိုက်ရသည်။
သို့သော်လည်း မြင့်မြတ်တောင်ကို ဖျက်ဆီးခဲ့သည့် ကျွင်းရှောင်ယောက်၏ လုပ်ရပ်များသည် ရှေးဟောင်းတော်ဝင်မိသားစုကို ဒေါသထွက်စေခဲ့သည်။ ယင်းက အဖိုးတန်ပစ္စည်းများကို ဆုံးရှုံးရုံသာမက မျက်နှာလည်း ပျက်ခဲ့ရကြောင်း ထင်ရှားလှပေသည်။ရက်အနည်းငယ်အတွင်းမှာပင် ဘိုးဘွားနဂါးသိုက်က လှုပ်ရှားလာခဲ့သည်။
ကျွင်းမိသားစု၏ ပထမစီကွမ် ကျွင်းလုံခန်းကိုတိုက်ခိုက်ခဲ့သော မင်းသမီးလုံကျိသည် အချိန်အတော်ကြာ တံခါးပိတ်လေ့ကျင့်ခဲ့ပြီး နောက်ဆုံးတွင် ပြန်လည်မွေးဖွားခဲ့၏။
ယခုတစ်ကြိမ်တွင် မင်းသမီးလုံကျိ၏ အရှိန်အဝါက လက်ရှိခေတ်နှင့် လိုက်လျောညီထွေဖြစ်သွား၍ ကြောက်စရာအကောင်းဆုံး ခွန်အားဖြင့် ထွက်လာမည် ဖြစ်သည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...