၄၅၆ - ၄၆၀

694 63 0
                                    

အခန်း ( ၄၅၆ ) ထိုသူသည် အနှိုင်းမဲ့စွမ်းအားဖြင့် ရှေးဟောင်းလူထူးဆန်းကို ချက်ချင်းသတ်နိုင်သည်။

ဤအသံက အနှိုင်းမဲ့ အေးစက်တည်ငြိမ်ပြီး သိပ်မကျယ်ပေ။

သို့ရာတွင် ထူးဆန်းသည်မှာ လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်နေပုံရသည်။

ဤအသံကိုကြားတော့ လူတိုင်းက ပထမတော့ အံ့အားသင့်သွားသည်။ ထို့နောက်တွင် သူတို့စိတ်ထဲ ဗုံးတစ်လုံးလို ချက်ချင်းပေါက်ကွဲသွား၏။

အထူးသဖြင့် ဤအသံကို ယခင်က ကြားခဲ့ဘူးသူများအတွက် ဖြစ်သည်။ အားလုံးက အသံလာရာသို့ လှည့်ကြည့်လိုက်ကာ မျက်နှာအမူအရာများမှာလည်း မကြုံစဖူး ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။

သူ လာပြီ။

အဲဒီလူ ရောက်လာခဲ့ပြီ။

အဝေးမှ ကောင်းကင် ဝေဟင်ပြင်တွင် နဂါးမျိုးနွယ်၏ ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်များနှင့် သွယ်လျသော နတ်နဂါးတစ်ကောင် ကျံသန်းလာနေသည်။

နဂါး ဦးခေါင်းပေါ်မှာတော့ လူငယ်တစ်ယောက်က လေကိုဆန့်ကာ ရပ်နေခဲ့၏။

သူ၏ ရှည်လျားသော ဆံပင်များကလည်း လေထဲတွင် လွင့်ပျံလျက်ရှိသည်။ ချောမောသော သူ့မျက်နှာမှာတော့ နတ်ဘုရားတစ်ပါးသဖွယ် ဥပေက္ခာပြုခြင်းနှင့် အေးစက်ခြင်းတို့ကို သယ်ဆောင်လာ၏။

၎င်းက ကောင်းကင်မှ ပုရွက်ဆိတ်များကို အထင်သေးနေသကဲ့သို့ပင် ဖြစ်သည်။

သူဟာ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး အဖြူရောင် သူ့အဝတ်အစားများက လေထဲမှာ လွင့်နေ‌သည်။ အင်မော်တယ်ဧကရာဇ်၏သားတော်၊ ဆင်းသက်လာသကဲ့သို့ သူ့ပတ်ဝန်းကျင် ကောင်းကင်ယံမှာလည်း အလင်းရောင်များ တောက်လောင်လာပေသည်။

လေကိုဆန့်ကာ နဂါးကိုစီး၍ တိတ်တဆိတ်ရောက်လာသော သူ့အသွင်က သေမျိုးကမ္ဘာသို့ ရောက်ရှိလာသည့် နတ်တစ်ပါး၏ ခံစားချက်ကို ပေးစွမ်းနေသည့်ပုံ ရသည်။

"ဒါက... ကျွင်းသားစုရဲ့ နတ်ဘုရားသားတော်ပဲ၊ သူ ဒီကို ရောက်လာပြီ"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Où les histoires vivent. Découvrez maintenant