အပိုင်း ( ၅၁၁ ) ဖန့်ရှို့နျန်း ကိုယ်ထင်ပြခြင်း၊ ငါ့မောင်လေးရှောင်ယောက်ကို ထိဝံ့ရင် ခေါင်းဖြုတ်ခံရမယ်။ယခုတော့ ကျွင်းရှောင်ယောင်က သူတို့အားလုံးကို ဖြေရှင်းမည်ဆိုသော စကားအဓိပ္ပာယ်ကို နားလည်ခဲ့ကြပြီ။
ကျွင်းရှောင်ယောက်က သူတော်စင်များကို အသီးအရွက် လှီးဖြတ်နေသကဲ့သို့ သုတ်သင်ပစ်ခဲ့သည်။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အကြံဉာဏ်ကောင်းလွန်းတယ်၊ သူက အင်အားစုကြီးသုံးခုရဲ့ သူတော်စင်တွေကို အစောကြီးကတည်းက စီစဉ်ထားပြီးသားပဲ"
"ကြောက်ဖို့ကောင်းလွန်းတယ်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အခုအချိန်မှာတောင် အရမ်း အစွမ်းထက်နေပြီ။ သူသာ ကြီးပျင်းလာရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ"
"သူ့လက်ထဲက ကြေးရောင် ဒယ်စောက်အိုးကြီးက ဧကရာဇ်လက်နက်ဖြစ်လာဖို့တောင် အလားအလာရှိတယ်"
ဧကရာဇ်စီရင်စု အပြင်ဘက်တွင် အင်အားစုအသီးသီးက ပြောဆိုနေခဲ့သည်။
ကျွင်းရှောင်ယောက်က လူငယ်အားလုံး၏ စံပြပုဂ္ဂိုလ်တစ်ယောက်ဆိုတာ သံသယရှိစရာမလိုပေ။
ဘိုးဘေးဆယ့်ရှစ်နှင့် ကျွင်းရှောင်ယောက်နောက်ကို လိုက်ပါနေကြသူများလည်း သူ့ စွမ်းဆောင်ရည်ကို အမှန်တကယ် ကျေနပ်ခဲ့ကြသည်။
အင်မော်တယ် အင်အားစုသုံးခု၏ ရှေ့မှာပင် သူတော်စင် တစ်ရာကို ခေါင်းဖြတ်ခြင်းက ထိုအင်အားစုသုံးခု၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် မခြားပေ။
ကျွင်းလင်းလုံ၊ ကျွင်းရင်အာနှင် နာလန်လော်ရှီးတို့လည်း အလွန်စိတ်သက်သာရာရကာ ကျွင်းရှောင်ယောက်ကို ပို၍ သဘောကျသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။
လူတစ်ဦးက သူတော်စင်တစ်ရာကို သတ်သည်။
ဤသည်က ကျွင်းရှောင်ယောက် တစ်ယောက်တည်းသာ ဖန်တီးနိုင်သည့် အံ့ဖွယ်တစ်ခု ဖြစ်ချေသည်။
ဝမ့်ယွမ်ပါ့၏မျက်နှာက မည်းမှောင်နေကာ သူတော်စင်ဂိုဏ်းခေါင်းဆောင်လည်း မျက်နှာအမူအရာ အလွန်ပင် အကြည့်ရဆိုးနေခဲ့သည်။
STAI LEGGENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Avventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...