အခန်း ( ၂၁၆ ) ကျွင်းရှောင်ယောက်၏ အေးစက်မှု၊ အပြစ်သား မဟာမိတ်တပ်များ ရောက်လာပြီ၊ သူသည်ကား အဓိက ဇာတ်လိုက်ဖြစ်သောကြောင့် လုံးဝထိတ်လန့်ခြင်းမရှိပါ။
ပုန်းကွယ်နဂါးတိုက်ကြီးတွင် စစ်ပွဲစတင်တော့မည့်အချိန်…
စန်းလော့တိုက်ကြီးရှိ ကျွင်းရှောင်ယောက်သည်လည်း ခရီးထွက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။စန်းလော့တိုက်ကြီးကို သူရောက်လာရခြင်းကလည်း ဖြတ်သွားဖြတ်လာထက် မပိုပေ။
သို့ရာတွင် စစ်နတ်ဆိုးနန်းတော်နှင့် ကြွေလွင့်နတ်ဘုရားသားတော်၏ တိုက်ပွဲကြောင့် အချိန်အနည်းငယ်ရွှေ့ဆိုင်းခဲ့ရသည်။
ကျွင်းရှောင်ယောက်လည်း ရက်အနည်းငယ်မျှ ခေတ္တအနားယူပြီးနောက် ပြန်လည်ထွက်ခွာခဲ့၏။
ဤတစ်ကြိမ်တွင် သူတို့အဖွဲ့မှာ ရန်ချင်းယင်တစ်ယောင် ထပ်တိုးလာသည်။
၎င်းတို့သည် စန်းလော့တိုက်ကြီးရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်တွင် ခြေချပြီးနောက် ပုန်းကွယ်နဂါးတိုက်ကြီးသို့ တိုက်ရိုက်ဆင်းသက်ခဲ့ကြသည်။ပုန်းကွယ်နဂါးတိုက်ကြီးကို ရောက်လာသည်နှင့် အခြေအနေကို သိလိုက်ရ၏။
အပြစ်သားများက လက်စားချေပြီး တာ့ယင်မင်းဆက်၏တပ်များ ဆုတ်ခွာသွားရသည်။
အပြစ်သားများကို ကူညီနေသော အခြား အင်အားစုများလည်း ရှိသေးသည်။
ထို့ပြင် အပြစ်သားလေးယောက်၏ မဟာမိတ်တပ်များက တာ့ယင်မင်းဆက်၏ တည်နေရာဖြစ်သော အရှေ့ပိုင်းကို ဦးတည်နေကြပြီ ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ၊ အပြစ်သားတွေကို ကူညီပြီး ငါ့ကျွင်းမိသားစုရဲ့ နောက်လိုက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ တခြားသော အင်အားစုတွေ ရှိသေးတယ်။ သေချင်နေတာပဲ"
ကျွင်းရှောင်ယောက်က လှောင်ပြောင်ပြောဆိုလိုက်သည်။
တာ့ယင်မင်းဆက်ကို ဖိနှိပ်ရန် အပြစ်သားများကို ကူညီခြင်းက အဓိကမဟုတ်ပါ။အရေးကြီးဆုံးက ထိုအင်အားစု၏ အပြုအမူမှာ ကျွင်းမိသားစုကို လျစ်လျူရှုထားပုံရသည်။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...