အခန်း ( ၃၇၆ ) ကောင်းကင်မြေခွေးမျိုးနွယ်၏ နတ်သမီး ပိုင်မေအာ၊ နဂါးနှစ်ကောင် တွေ့ဆုံပြီ။
လုံအိုထျန်း၏ စကားများက မိုးနှင့်မြေကြားတွင် ပျံ့နှံ့သွားကာ လမ်းကြောင်းအားလုံးကို တုန်ခါသွားစေခဲ့သည်။
ဘိုးဘွားနဂါးသိုက် အပြင်ဘက်ရှိ ရှေးဟောင်းတော်ဝင်မိသားစုမှ သတ္တဝါများစွာလည်း အသက်ပြင်းပြင်း ရှူလိုက်ကြလေသည်။
ဘိုးဘွားနဂါးသိုက်၏ တားမြစ် ပထမမျိုးဆက်က မျှော်လင့်ထားသည့်အတိုင်း လေသံ မြင့်လှသည်။
ပြိုင်ဘက်က နာမည်ကြီး ကျွင်းရှောင်ယောက်ဆိုလျှင်ပင် သူ့ကို ရန်စဝံ့သူ အကုန်သေရမည်ဟု ရဲရဲတောက် ပြောဆိုလိုက်ဝံ့သည်။
ယင်းမှာ လုံအိုထျန်းက ကျွင်းရှောင်ယောက်ကိုသတ်ရန် ယုံကြည်မှုရှိသည်ဟု မဆိုလိုလျှင်ပင် အလွန် ဖြုံလောက်စရာ ဖြစ်နေပြီ ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ၊ ဘိုးဘွားနဂါးသိုက်ရဲ့ ပထမမျိုးဆက်နဲ့ ကျွင်းမိသားစုက နတ်ဘုရားသားတော်"
"တစ်ဦးက ရှေးဟောင်းမြင့်မြတ်ခန္ဓာနဲ့ အနှိုင်းမဲ့အရိုး ရှိတယ်"
"နောက်တစ်ယောက်ကတော့ ဧကရာဇ်နဂါးသွေးနဲ့ နဂါးခုနစ်ကောင် အနှစ်သာရ ရှိတယ်"
"ဒီနှစ်ယောက် ဆုံကြတဲ့အခါ ဘယ်လိုဖြစ်မလဲ၊ ဘယ်သူနိုင်ပြီး ဘယ်သူ ရှုံးမှာလဲ"
အနီးနားရှိ သတ္တဝါများလည်း မနေနိုင်ဘဲ နှိုင်းယှဉ်ကြည့်လိုက်မိသည်။
သို့သော်လည်း ၎င်းတို့အားလုံးသည် ရှေးဟောင်းသတ္တဝါချင်းအတူတူ ဖြစ်ကြသောကြောင့် လုံအိုထျန်းနိုင်မည်ဟု မျှော်လင့်နေကြဆဲပင်။"ရှန်းကုကမ္ဘာမဖွင့်ခင် မင်းသမီးလုံကျိကို သွားတွေ့ရမယ်"
လုံအိုထျန်းက ပြောလိုက်သည်။
"ဟုတ်တာပေါ့၊ ရှန်းကုကမ္ဘာကြီး ပွင့်လာတဲ့အခါ အချင်းချင်းလည်း ဂရုစိုက်လို့ရတယ်"
ဘိုးဘွားနဂါးသိုက်၏ အကြီးအကဲက ရယ်မောလိုက်လေသည်။နဂါးနှစ်ကောင် မွေးဖွားလာသောအခါ ဘိုးဘွားနဂါးသိုက်ကြီး တိုးတက်လာရမည်ဟူသော ဘိုးဘွားနဂါးသိုက်အတွက် ဟောကိန်းလည်း ရှိထားခဲ့သည်။
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...