အခန်း ( ၇၃၁ ) ရှေးဦးသံလိုက်ဓာတ်ချီ အင်မော်တယ်စွမ်းအင်၊ အမှောင်ဘုရင်မျိုးရိုးမှ ထျန်းမင်ကျစ်၊ နောက်ကွယ်မှ တံငါသည်များ။
ကျွင်းရှောင်ယောက်က ဟေးယွမ်ချေက်ထဲသို့ ဝင်သွားသည်။
ဟေးယွမ်ချောက်အစွန်းတွင် အဆုံးမဲ့ ဟင်းလင်းပြင်မုန်တိုင်းများ ရှိနေခဲ့၏။
ယင်းက အခြားသူများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နိုင်သော်လည်း...
ကျွင်းရှောင်ယောက် အတွက်တော့ အနည်းငယ်မျှ အနှောင့်အယှက်မဖြစ်စေနိုင်ပေ။
"ဒီဟေးယွမ်ချောက်က အံ့ဖွယ်ခုနစ်ခုထဲမှာ မပါဝင်ပေမဲ့ အမှောင်ကမ္ဘာနဲ့ ဆက်စပ်နေတာကြောင့် လျှော့တွက်လို့တော့ မရဘူး"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက လေးနက်သွားခဲ့သည်။အမှောင်ကမ္ဘာသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အမှောင်ထဲမှအင်မော်တယ်ခုံရုံးဟု လူသိများသော်လည်း အမြဲ နှိမ့်ချနေသည်။
ခေတ်ကာလတစ်လျှောက်လုံး အမှောင်ကမ္ဘာအကြောင်းကို သိရှိသူများစွာ မရှိပေ။
"လက်မှတ်ထိုးဝင်ဖို့ သတိပေးချက် မရှိသေးဘူးပဲ။ ဟေးယွမ်ချောက်ထဲကို နက်နက်နဲနဲ ဝင်ရဦးမယ်ထင်တယ်"
ကျွင်းရှောင်ယောက် ရေရွတ်လိုက်သည်။ကျွင်းရှောင်ယောက်လည်း တစ်နာရီခန့်ကြာမှ ဟေးယွမ်ချောက်အစွန်းမှ ဟင်းလင်းပြင်မုန်တိုင်းကို လုံးလုံးလျားလျား ဖြတ်သန်းနိုင်ခဲ့ပေသည်။
ထို့နောက်တွင် ပေါ်လာသည့် မြင်ကွင်းများကတော့ ကျွင်းရှောင်ယောက်ကို အနည်းငယ် အံ့သြသွားစေခဲ့သည်။သူ့မျက်စိရှေ့တွင် မီးခိုးရောင် မြူခိုးများက ပြည့်နေသည်။
မြူခိုးများက ထူထဲသော်လည်း ပြဒါးအရည်ကဲ့သို့ဖြစ်ကာ ရံဖန်ရံခါ မိုးခြိမ်းသံနှင့် လျှပ်စီးလက်ခြင်းများ ရှိနေခဲ့ပေသည်။တစ်ချိန်တည်းမှာပင်၊ ပြင်းထန်ပြီး ထူးဆန်းသော ဆွဲငင်အားတစ်ခုက သူ့ကို မီးခိုးရောင် မြူခိုးပင်လယ်ဆီသို့ ဆွဲငင်သွားသည်အား ခံစားလိုက်ရသည်။
"ရှေးဦးသံလိုက်ဓာတ်စွမ်းအင်လား"
ကျွင်းရှောင်ယောက် အံ့အားသင့်သွား၏။
ဤသည်မှာ အလွန်ရှားပါးပြီး အံ့ဖွယ်ကောင်းသည့် သဘာဝစွမ်းအားတစ်ခု ဖြစ်သည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
VOUS LISEZ
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...