အပိုင်း ၈၁ မှ ၈၅

1K 75 0
                                    

အခန်း ( ၈၁ ) ရှေးဟောင်းတိုင်းပြည်နှစ်ခု ကျဆုံးခြင်း၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်

"ဘယ်လို၊ ‌ဒါက ဘယ်လိုဖြစ်တာလဲ"
ထိုစကားကိုကြားသောအခါ ပိုင်ယုအာမျက်လုံး၌ အံ့အားသင့်မှုများ ဖြစ်ပေါ်လာသည်။

ဤသတင်းဟာ သူမမျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့၏။

မိုးပြာနဂါးရှေးဟောင်းတိုင်းပြည်က သန်မာတာမှန်သည်။ ၎င်းက ရှေဟောင်း‌တိုင်းပြည်လေးခုအနက် နံပါတ်တစ်ဟုပင် ဆိုထိုက်၏။

သို့သော် ကျားဖြူရှေးဟောင်းတိုင်းပြည်နှင့် လိပ်နက်ရှေးဟောင်းတိုင်းပြည်တို့ကလည်း အားနည်းသည်မဟုတ်ပေ။ ၎င်းတို့က မိုးပြာနဂါး ရှေးဟောင်းတိုင်းပြည်ကို မယှဉ်သော်လည်း များစွာနိမ့်ကျခြင်းမရှိပါချေ။

ဖီးနစ်တိုင်းပြည်ကလည်း ထို့အတူပင် ဖြစ်သည်။ သို့သော် ယခင်က ဖီးနစ်ဘုရင် ဒဏ်ရာရရှိခဲ့ပြီးချိန်မှစ၍ တိုင်းပြည်အင်အားဟာ တစ်နှစ်ထက်တစ်နှစ် နိမ့်ကျလာခဲ့ရပေသည်။

သို့သော်လည်း တခြားရှေးဟောင်းတိုင်းပြည်သုံးခုကတော့ အင်အား မတိမ်းမယိမ်းမှာပင် ရှိနေကြဆဲပင်။ 

ထို့ကြောင့်ပင် ပိုင်ယုအာစိတ်ထဲ အံ့ဩနေရခြင်းဖြစ်သည်။ မိုးပြာနဂါးရှေးဟောင်းပြည်က အမှန်တကယ် တခြား တိုင်းပြည်နှစ်ခုကို စစ်ခင်းဝံ့သလော။

"အခုအခြေအနေက ဘယ်လိုရှိလဲ"
ပိုင်ယုအာ မေးကြည့်လိုက်သည်။

"မင်းသမီး၊ ကြားရတဲ့ သတင်းတွေအတိုင်းဆိုရင်တော့ မိုးပြာနဂါးရှေးဟောင်းပြည်က စတင်ပြီး စစ်ခင်းတယ်လို့ဆိုပါတယ်။ သူတို့ရဲ့ စစ်အင်အားက အရမ်းသန်မာပြီး နောက်ကွယ်မှာ အမည်မသိတဲ့ လျှို့ဝှက်ဆန်းကျယ်သူတွေလည်း ရှိပုံရပါတယ်"

"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ပိုင်ယုအာ စဉ်းစားရကြပ်သွား၏။

ဖီးနစ်တိုင်းပြည်ဘုရင်က တံခါးပိတ်ကျင့်ကြံနေဆဲပင်။ 

အင်မော်တယ်ဆေးကို ရရှိခဲ့ပြီးနောက် ဖီးနစ်ဘုရင်ဟာ ဒဏ်ရာများ ပြန်ကောင်းမွန်လာသောကြောင့် သူတော်စင်နယ်ပယ်သို့ပင် အဆင့်တက်ရန် တံခါးပိတ်ကျင့်ကြံလိုက်တော့သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Onde histórias criam vida. Descubra agora