636 - 640

523 33 0
                                    

အခန်း ( ၆၃၆ ) တားမြစ်ပါရမီရှင်နှစ်ဦးကို သတ်ခြင်း၊ ဟူချင်းချင်း သေပြီ၊ ကမ္ဘာခြားမှ အမှောင်ဝတ္ထု။

ဤခိုက်တွင် ကျွင်းရှောင်ယောက်၏ စွမ်းအားက ‌အားကောင်းလွန်းလှသည်။

သူ့နောက်တွင်၊ အရှိန်အဝါကြီးသော အင်မော်တယ်ဘုရင် လင်းကျိုးထျန်း ပေါ်လာခဲ့၏။
 
သက်ရှိသတ္တဝါအပေါင်းတို့၏ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို ဆုံးဖြတ်လိုက်သကဲ့သို့၊ သေခြင်းရှင်ခြင်းဘီးကို ဖိချလိုက်တော့သည်။

ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးအောက်တွင် ရှန့်ဟုန်ရီနှင့် မော့ကျင်းယွိက ပြန်လည်တိုက်ခိုက်ရန် ခွန်အားပင်မရှိခဲ့ပါချေ။

သူတို့က နတ်ဘုရားသိုင်းများနှင့် အစွမ်းကုန် ခုခံရန်သာ ကြိုးစားခဲ့ကြသည်။
   
တော်ရုံသူတော်စင်ကို ချက်ချင်းသတ်နိုင်သော ကြောက်စရာကောင်းသည့် နတ်ဘုရားသိုင်းအသီးသီးကို ထုတ်ဖော်လိုက်၏။

သို့သော်လည်း၊ ကျွင်းရှောင်ယောက်၏ သေခြင်းရှင်ခြင်း ဘီးများရှေ့တွင် ရုန်းကန်မှုအားလုံးက သဲပုံပေါ်ရေလောင်းဘိသကဲ့သို့ အရာမရောက်ခဲ့ပေ။
   
"ဝုန်း"
သူတို့ ခန္ဓာကိုယ်များတွင် ကြောက်စရာ‌ကောင်းသော ဒဏ်ရာကြီးများ ဖြစ်ပေါ်လာပြီး သေမတတ် ဖြစ်သွားခဲ့ကြသည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်က အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးကို ထုတ်ယူလိုက်သည်။ သူက အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးအတွက် မော့ကျင်းယွိကို သန့်စင်ရန် တိုက်ရိုက်ဖိနှိပ်လိုက်၏။

"အား..."
မော့ကျင်းယွိ၏ နာနာကျင်ကျင် အော်ညည်းလိုက်သံ ထွက်ပေါ်လာခဲ့သည်။ သူကဲ့သို့ ကြီးကျယ်မြင့်မြတ်သူတစ်ယောက်ကို ပန်းပဲပစ္စည်းအဖြစ် သန့်စင်ခံရသည့်နေ့ ရောက်လာမည်ဟု အိပ်မက်သည်ပင် မမက်ခဲ့ဖူးပေ။
   
အရာအားလုံး၏မိခင်ချီဒယ်စောက်အိုးက ကြီးမားသော အင်အားတို့ကို သယ်ဆောင်လာကာ ခုခံနိုင်စွမ်း ကင်းမဲ့နေသည့် မော့ကျင်းယွိအား တိုက်ရိုက် ဖိနှိပ်လိုက်သည်။

ကြောက်စရာကောင်းသော အရာအားလုံး၏မိခင်ချီများက မော့ကျင်းယွိကို ခဏချင်း ဖုံးလွှမ်းသွား၏။
   
အရာအားလုံး၏မိခင်ချီ တစ်စက်စီက မြင့်မားသော တောင်ကြီးများကို ချေမှုန်းပစ်နိုင်သည်။
   
မော့ကျင်းယွိ၏ ခန္ဓာကိုယ်က ဝင်ပေါက်ကိုးခု ကျောက်ဝိညာဉ်ဖြစ်ခဲ့လျှင်ပင် ဤစွမ်းအားကို မခံနိုင်ပါ။ သူ့တကိုယ်လုံး ပေါက်ကွဲသွားပြီး အရာအားလုံး၏မိခင်ချီ ဒယ်စောက်အိုးအတွက် အဟာရအဖြစ် ပြောင်းလဲသွားရသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Donde viven las historias. Descúbrelo ahora