၅၀၁ - ၅၀၅

810 63 3
                                    

အခန်း ( ၅၀၁ ) ရှေးဟောင်း တော်ဝင်မိသားစုလေးခု လှုပ်ရှားခြင်း၊ တိုက်ပွဲကြီးစတင်တော့မည်။

ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး တုန်ခါပြီး မိုးနှင့်မြေသည်ပင် တုန်လှုပ်သွားရသည်။

ကျွင်းမိသားစုမှ မွေးနေ့ပွဲကို ရောက်လာကြသော ဧည့်သည်များအားလုံး ကျွင်းမိသားစုနယ်မြေ ဧကရာဇ်စီရင်စုမှ ဆုတ်ခွာသွားကြ၏။

ကျွင်းမိသားစုမှ နတ်ဘုရားသားတော်၏ အရွယ်ရောက်ခြင်း အခမ်းအနားကို တက်ရောက်ရုံမျှဖြင့် ထိုကဲ့သို့ ရာဇဝင်တွင်လောက်သော အင်မော်တယ်စစ်ပွဲမျိုးကို မြင်တွေ့ခွင့်ရမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

"ဒီလူတွေက အရမ်းသေချင်နေမှတော့ ငါ့ရဲ့ ကျွင်းမိသားစုက သူတို့ကို ဝမ်းမြောက်ဝမ်းသာနဲ့ ကူညီပေးမယ်"
ဘိုးဘေးဆယ့်ခြောက်က လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးစက်စက်ဖြင့် ပြေလိုက်သည်။

"ဟုတ်တယ်၊ ဘိုးဘွားခန်းက အဘိုးကြီးတချို့ကိုလည်း နှိုးလို့ရတယ်။ သူတို့ အိပ်နေကြတာ အတော်ကြာပြီလေ။ အကြာကြီး မလှုပ်ရှားရင် အရိုးတွေ တောင့်တင်းလာလိမ့်မယ်"
ဘိုးဘေးဆယ့်ရှစ်ကလည်း ပြော၏။

"ကမ္ဘာခြားနယ်မြေ ကြယ်ကောင်းကင်မှာ လွင့်မျောနေတဲ့သူကို ပြန်ခေါ်သင့်သလားလို့ ငါစဉ်းစားနေတာ"
ဘိုးဘေးဆယ့်ခြောက်က ပြောလိုက်သည်။

"အဲဒါကတော့ အခြေအနေပေါ်မှာ မူတည်တယ်။ မတော်တဆ တစ်ခုခုဖြစ်ရင်တော့ သူပြန်လာမှာပါ"
ထို့နောက် ဘိုးဘေးဆယ့်ရှစ်သည် ကျေနပ်အားရမှု အရိပ်အယောင်တို့ဖြင့် ကျွင်းရှောင်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။
"ရှောင်ယောက်၊ အရမ်းတော်တယ်၊ မင်း ငါတို့ ဘိုးဘေးတွေကို စိတ်မပျက်စေဘူး"

"မင်းရဲ့ သူတော်စင်နယ်ပယ် ကျင့်ကြံခြင်းအခြေခံနဲ့တောင် ဒီတိုက်ပွဲမှာတော့ ခက်လိမ့်မယ်။ ဘိုးဘွားခန်းမကို ပြန်သွားပြီးတော့ အနားယူလိုက်ပါ။ ဒီလို အသေးအမွှားလေးတွေကို မိသားစုက ဂရုစိုက်လိမ့်မယ်"
ဘိုးဘေးဆယ့်ရှစ်က ချစ်မြတ်နိုးသော အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Donde viven las historias. Descúbrelo ahora