အခန်း ( ၅၂၆ ) ဧကရာဇ်လမ်း၏ ပထမဂိတ်ကို ဖြတ်သန်းခြင်း၊ ဒီကျောက်စာချပ်က ငါ့ရဲ့နာမည်ကို လက်ခံဖို့အတွက် မထိုက်တန်ဘူး၊ ရှန်ဟိုင်းလမ်းတစ်ခုလုံးမှ အာရုံစိုက်ကြခြင်း။ရှန်ဟိုင်းလမ်းသည် ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ ဧကရာဇ်လမ်းရှိ ပထမဆုံး ဂိတ် ဖြစ်သည်။
ပတ်ပတ်လည်ကိုကြည့်လိုက်လျှင်၊ ရှန်ဟိုင်းဂိတ်က ခန်းနားထည်ဝါပြီး အရှိန်အဝါကြီးမားစွာဖြင့် လေထုထဲတွင် တည်ရှိနေပေသည်။
မြို့တံခါးက ပေရာချီမြင့်မားကာ ကောင်းကင်တံခါးကြီးနှင့် တူလှသည်။ တံခါးထိပ်ပိုင်းတွင် သွေးစွန်းမှင်ဖြင့် ရေးသားထားသည့် ရှန်ဟိုင်းဂိတ် ဟူသော ရှေးကမ္ပည်းပြားတစ်ခု ရှိ၏။
ရှန်ဟိုင်းဖြတ်လမ်း တစ်ခုလုံးက ကြယ်များနှင့် လရောင်တို့ ဖြာဆင်းနေကာ ရှေးကျသော အသွင်မျိုး ရှိသည်။
ကြီးမားသော နဂါးငွေ့တန်းဂလက်ဆီကလည်း ကျုံးကြီးတစ်ခုကဲ့သို့ ရှန်ဟိုင်းလမ်းကို ဝန်းရံထားသည်။
ကျွင်းရှောင်ယောက်ကဲ့သို့ ဗသုသုတကြွယ်ဝသူပင် ခမ်းနားထည်ဝါသော မြို့တံခါးကြီးကို မြင်ရသောအခါ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။
ကျွင်းရှောင်ယောက်သည် ရှန်ဟိုင်းလမ်းအနီးသို့ ရောက်လာသည်နှင့် တပြိုင်နက်...
ရှန်ဟိုင်းလမ်း၏ အနက်ရှိုင်းဆုံးသောအပိုင်းတွင် အစွမ်းထက် အရှိန်အဝါတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။ အနည်းဆုံးတော့ ၎င်းက အဓိပဓိနယ်ပယ်တွင် ရှိလိမ့်မည်။
'ဒါက ရှန်ဟိုင်းလမ်းရဲ့ အစောင့်အရှောက် ဖြစ်သင့်တယ်'
ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ တွေးလိုက်မိသည်။ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ ဧကရာဇ်လမ်းတွင် အဆင့် ဆယ့်ရှစ်ခုရှိပြီး အဆင့်တစ်ခုစီတွင် အစောင့်အရှောက်များ ရှိကြသည်။
ကြီးကြီးမားမား လှုက်ခတ်ခြင်းမျိုး မရှိခဲ့လျှင်၊ ၎င်းတို့က ပေါ်လာကြမည် မဟုတ်ပါ။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
VOCÊ ESTÁ LENDO
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventuraဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...