အခန်း ( ၇၄၆ ) လွမ်ကုမျှော်စင် ဖွင့်ခြင်း၊ ယွီဟွာနတ်ဘုရားမင်းဆက်၏ မင်းသမီး၊ မျှော်စင်အတွင်းသို့ ချင်ဝူတောက် ဝင်ရောက်ခြင်း။
ဧကရာဇ်သင်္ချိုင်းကြယ်မှ လူဆိတ်ညံသော တိုက်ကြီးတစ်ခုတွင်...
မျှော်စင်တစ်ခုက မြေပြင်ထက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရှိနေသည်။
ဤမျှော်စင်က သံချေးများတက်နေပြီး အလွန်ဟောင်းနွမ်းနေခဲ့ပြီ။ ယင်းမှာ နှစ်ထောင်ပေါင်းများစွာ မြေအောက်တွင် မြှုပ်နှံထားခံခဲ့ပြီးမှ ပြန်လည်ပေါ်လာသကဲ့သို့ ဖြစ်သည်။
မျှော်စင်တစ်ခုလုံးက မီတာတစ်သောင်းကျော်မြင့်ပြီး စုစုပေါင်း အထပ်တစ်ထောင်ရှိကာ တိမ်များသို့ပင် တိုးဝင်နေလေသည်။ဧကရာဇ်သင်္ချိုင်းကြယ်တွင် အခြား ရှေးဟောင်းအပျက်အယွင်းများက နတ်အလင်းများ ဝန်ရံနေကြတာ များသည်။ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေခြင်း သို့မဟုတ် မဟာတာအိုကမ္ပည်းများက ရစ်ပတ်နေပြီး နတ်သံကြိုးများ ရောယှက်နေတတ်ပေသည်။
ဤမျှော်စင်ကတော့ အနည်းငယ်မြင့်မားသည်မှလွဲ၍ အထူး ဆွဲဆောင်မှုရှိသော အသွင်အပြင်မျိုးကို မတွေ့ရဘဲ ရိုးရိုးရှင်းရှင်းနှင့် သာမာန်သာ ဖြစ်သည်။သို့ရာတွင် ယခုအချိန်မှာတော့ ဤမျှော်စင်တစ်ဝိုက်တွင် ဤမျှော်စင်ဖွင့်ချိန်ကို စောင့်ဆိုင်းနေသကဲ့သို့ မီးတောက်နေသော မျက်လုံးများဖြင့် ပါရမီရှင်များစွာ ရှိနေခဲ့ကြပြီ။
"ဒီတစ်ခါ လွမ်ကုမျှော်စင်ဖွင့်ရင် ဘယ်နှစ်လွှာအထိ တက်နိုင်ကြမလဲ မသိဘူး"
"ဒီမျှော်စင်ကို ချိုးဖောက်ဖို့က မလွယ်ဘူး။ အလွှာတစ်ထောင်မှာ အစွမ်းထက်တဲ့ ကျွမ်းကျင်သူတစ်ထောင်ရဲ့ အမှတ်အသားတွေရှိတယ်"ပါရမီရှင်များစွာက ဆွေးနွေးပြောဆိုလိုက်ကြသည်။
ဤမျှော်စင်က သေခြင်းရှင်ခြင်းတံခါးနှင့် ဆင်တူသည်။ ယင်းမှာ ဧကရာဇ်သင်္ချိုင်းကြယ်မှ ထင်ရှားကျော်ကြားသော နေရာတစ်ခုလည်း ဖြစ်ချေသည်။
အပေါ်ယံကိုကြည့်လျှင်တော့ ဤမျှော်စင်မှာ ဘာမျှ ထူးခြားမှုမရှိပေ။
သို့ရာတွင် ထိုမျှော်စင်က ဒဏ္ဍာရီလာ လွမ်ကုဧကရာဇ်နှင့် ဆက်စပ်နေခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...