အခန်း ( ၂၄၆ ) ကျွင်းရှောင်ယောက်၏ ဖန့်ဟန်ဟူသော ကြက်သွန်မြိတ်ကို လှီးဖြတ်မည့်အစီအစဉ်၊ နာကျင်နေသော ဖန့်ဟန်။
သူက ခေါင်းငုံ့ကာ လက်ယှက်ထားသည့် ဖန့်ဟန်ကို ကြည့်လိုက်သည်။
ထို့နောက် ကျွင်းရှောင်ယောက် သူ့နှလုံးသားထဲတွင် သက်ပြင်းချလိုက်၏။
သူ့ကို လှည့်စားရန်အတွက် အနှီဖန့်ဟန်ခမျာ အရှက်ရခြင်းကိုလည်း သည်းခံနိုင်ခဲ့ပြီ။
သို့သော်လည်း သူ့ကို ဘာအားကိုးဖြင့် ကိုင်တွယ်ဖြေရှင်းမှာလဲ။
သူ၏ ရွှေလက်ချောင်းပင်လော။ကျွင်းရှောင်ယောက်လည်း ဖြစ်နိုင်ခြေအမျိုးမျိုးကို တွေးနေခဲ့မိသည်။
ထိုအချိန်တွင် ကျန့်လော့လီသည်လည်း ကျင့်ကြံခြင်းမှ ပြီးဆုံးသွားသည်။
ဖန့်ဟန်ကိုမြင်သောအခါ သူမမျက်နှာက အနည်းငယ်မှုန်ကုပ်ကုပ်လေး ဖြစ်သွား၏။
နောက်ဆုံးမှ သူမနှင့် ကျွင်းရှောင်ယောက်ဟု နှစ်ယောက်တည်းကမ္ဘာတစ်ခု ရရှိလာခဲ့ခြင်း ဖြစ်သည်။ ဤအချိန်မျိုးတွင် အခြားသူများကို ဘယ်လိုလုပ်ပြီး ထည့်သွင်းနိုင်နည်နည်း။
"အစ်ကိုရှောင်ယောက်၊ သူက ဘယ်သူလဲ"
ကျန်းလော့လီက မျက်မှောင်ကြုတ်လိုက်သည်။"တာ့ယင်မင်းဆက်ရဲ့ မင်းသားတစ်ပါးပါ"
ကျွင်းရှောင်ယောက်က အများကြီးတွေးမနေပေ။"အိုး၊ ဒါဆိုရင်လည်း သွားကြရအောင်လေ"
ကျန်းလော့လီက စိတ်အနှောက်အယှက်ဖြစ်စေသော အနှီဖန့်ဟန်ကို ဖယ်ရှားပစ်ရန် ကြိုးစားလိုက်သည်။ထိုအခါ ဖန့်ဟန်က ကမန်းကတန်း ပြောလိုက်၏။
"ကျုပ်က နတ်ဘုရားသားတော်အနောက်ကို လိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်""နင် ဘာဖြစ်လို့ ဒီလောက်လိုက်ကပ်နေတာလဲ"
ကျန်းလော့လီက ဒေါသတကြီးပြောသည်။ကျန်းလော့လီ၏ ဤကဲ့သို့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရသောအခါ ဖန့်ဟန်မျက်နှာက ရှုံ့မဲ့သွားသည်။
ယောက်ျားဖြစ်သရွေ့ ဆန့်ကျင်ဘက်လိင်၏ ကဲ့ရဲ့ရှုတ်ချမှုမျိုးကို လက်မခံချင်ကြပါ။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...