အပိုင်း ၇၁ မှ ၇၅

1K 70 2
                                    

အခန်း ( ၇၁ ) အဓိပဓိအလောင်းကောင် ထွက်လာပြီ၊ အကျပ်အတည်းကြီးတစ်ခု

အနက်ရောင် မျှော်စင်ထဲတွင် မြူခိုးများက ထူထဲစွာ ရှိနေသည်။

ဤနေရာ‌တွင် မီးခိုးရောင်မြူခိုးများက သိပ်သည်းလွန်းသောကြောင့် အနက်ရောင်သို့ပင် ပြောင်းလဲသွားခဲ့ပုံ ရ၏။

ကျိရွှမ်ဘက်တွင်ကား ညာလက်ရုံးမှ သူတော်စင်ဘုရင်အရိုး၏ ကာကွယ်ပေးမှုဖြင့် မြူနက်များက အနားမကပ်နိုင်ပေ။

သူ့အနောက်မှာတော့ ကျွင်းရှောင်ယောက်က မျှော်စင်အတွင်းသို့ ပြေးဝင်လိုက်လာသည်။

ကျန်းစန်းယီနှင့် တခြားသူများကတော့ အလောင်းကောင်များကိုကိုင်တွယ်ရန် ကျန်ရစ်ခဲ့ကြ၏။

ခဏအကြာတွင် ကျိရွှမ်က မျှော်စင်ထိပ်သို့ အမြန်ပြေးတက်သွားခဲ့သည်။

မျှော်စင်ထိပ်တွင် ရာချီသော ရွှေကြိုးများဖြင့် ချည်နှောင်ထားသည့် အမည်းရောင် ခေါင်းတလားကြီးတစ်လုံး ရှိနေသည်။

ခေါင်းတလားအတွင်းမှ အဓိပတိအရှိန်အဝါများကလည်း ထွက်ပေါ်လျက်ရှိ၏။

အဓိပဓိယွမ်ထျန်း ရတနာသိုက်၏ အရှိန်အဝါများကလည်း ဤခေါင်းတလားမှ စတင်ခဲ့ခြင်းပင် ဖြစ်သည်။

"နောက်ဆုံးတော့ ရောက်ပြီ၊ ဒါက ရှေးဟောင်းစာအုပ်ထဲကအတိုင်း ကွက်တိပဲ"
ကျိရွှမ် အသက်ပြင်းပြင်းရှူလိုက်သည်။

သူဟာ စိတ်အားထက်သန်နေသကဲ့သို့ စနိုးစနောင့်လည်း ဖြစ်နေသည်။

မှတ်တမ်းများသာ မှန်ကန်ပါက ရတနာသည် ဤခေါင်းတလားအတွင်း၌သာ ရှိရမည်။

သို့ရာတွင် ကျိရွှမ် အနည်းငယ်တုံ့ဆိုင်းနေမိသည်။

မီးခိုးရောင်မြူ၏ အရင်းအမြစ်သည်လည်း ဤခေါင်းတလားမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

သို့ဖြစ်ပေရာ ဤအခေါင်းထဲတွင် တစ်စုံတစ်ခု ပြောင်းလဲနေမည်အား ငတုံးတစ်ယောက်ပင် နားလည်နိုင်၏။

ယင်းကို ဖွင့်လိုက်လျှင် အကျိုးဆက်က မှန်းဆမရနိုင်ပေ။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Tempat cerita menjadi hidup. Temukan sekarang