အပိုင်း ၄၂၁ - ၄၂၅

680 53 2
                                    

အခန်း ( ၄၂၁ ) မိုးကြိုးသားရဲ၏အကြွင်းအကျန်၊ ကျွင်းမိသားစုမှ စီကွမ်သုံးယောက်၏ စိတ်လှုပ်ရှားမှု။

ကျွင်းရှောင်ယောက်တွင် လှည့်ကွက်များစွာရှိပြီး ဖုံးကွယ်ထားခြင်းဖြစ်မှန်း လူတိုင်း သိကြသည်။

သို့ရာတွင် အပြင်လူများမသိသော ဝှက်ဖဲတစ်ခု ရှိ၏။

ယင်းက ကောင်းကင်ကျမ်းကိုးအုပ်မှ တစ်အုပ် ဖြစ်ပေသည်။

ကြီးမြတ်သော ကောင်းကင်ကျမ်းကိုးအုပ်မှာ အမြင့်ဆုံးသော အမွေအနှစ်ဟု ဆိုနိုင်သည်။ ကောင်းကင်ကျမ်းတိုင်းက လမ်းကြောင်းတစ်ခု၏ အထွတ်အထိပ်ကို ကိုယ်စားပြုပေသည်။

ဥပမာအားဖြင့်၊ ခန္ဓာကျမ်းသည် ရုပ်ခန္ဓာ၏ အထွတ်အထိပ် ဖြစ်သည်။

ယင်းက အလွန်အစွမ်းထက်ပေသည်။

အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ကျမ်းကိုးအုပ်လုံးကို စုဆောင်းနိုင်လျှင် အင်မော်တယ်လမ်းကြောင်းကိုပင် တစေ့တစောင်း ကြည့်နိုင်မည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။

ထိုအတွက် ကောင်းကင်ကျမ်းကိုးအုပ်၏ တနိဖိုးကိုတော့ ပြောနေရန်ပင် မလိုပေ။

သို့ရာတွင် ၎င်းတို့ကို ကျင့်ကြံရန်မှာလည်း အလွန်ခက်ခဲသည်။

ကျွင်းရှောင်ယောက်၏ အခြေခံအုတ်မြစ်ဖြင့်ပင် ခန္ဓာကျမ်း၏ ပထမတွဲကို လေ့ကျင့်နိုင်ရန် အချိန်အတော်ကြာခဲ့၏။

ယခုအခါမှာတော့ တာအိုအရင်းအမြစ် အမြောက်အများကို မြင်နေရပြီဖြစ်ကာ ကျွင်းရှောင်ယောက်လည်း ထာဝရအင်မော်တယ်ခန္ဓာအား ဆက်လက် လေ့ကျင့်နိုင်တော့မည်။

ယင်းက သူ့ခွန်အားကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်သည်။

ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် တွဲလိုက်မည်ဆိုလျှင် ယင်းက အမှန်ပင် အံ့ဩဖွယ်ရာ ဖြစ်လာပေလိမ့်မည်။

ထို့ပြင် ထာဝရအင်မော်တယ်ခန္ဓာကို လေ့ကျင့်ပြီးနောက် ခန္ဓာကျမ်း၏ ဒုတိယတွဲကို လေ့ကျင့်နိုင်တော့မည် ဖြစ်သည်။

ကျွင်းရှောင်ယောက်လည်း ယင်းကို စောင့်မျှော်နေခဲ့မိပေသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Où les histoires vivent. Découvrez maintenant