အပိုင်း ၂၈၁ မှ ၂၈၅

704 66 0
                                    

အခန်း ( ၂၈၁ ) ငါကလွဲရင် ဘယ်သူက ဘုရင်နဲ့ သခင်ဖြစ်ဝံ့မှာလဲ၊ တကယ့် ဇာတ်ဆောင် ဒီကိုရောက်လာပြီ။

ကျွင်းလုံခန်းက ပြင်းပြင်းထန်ထန် ဆုတ်သွားကာ သွေးများ စီးကျလာသည်။

နဂါးသဏ္ဍာန် ဘလက်ဂိုလ်းသန့်စင်ခြင်းဓားက ၎င်းပတ်ပတ်လည်တွင် ရစ်ပတ်ထားသည့် အစစ်အမှန်နဂါးများ ရှိနေသကဲ့သို့ အားကောင်းလွန်းသည်။

၎င်းသည် မင်းသမီးလုံကျိ၏ ကိုယ်ပိုင်လက်နက်ဖြစ်ပြီး‌ ရှေးဟောင်းနဂါးပြာဧကရာဇ်မှ ချန်ထားခဲ့သော အရာတစ်ခုလည်းဖြစ်သည်။

၎င်းက ဧကရာဇ်အဆင့်သို့ လုံးဝမရောက်သေးသော်လည်း... ထိပ်တန်း အဓိပဓိလက်နက်ဖြစ်ကာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ချဉ်းကပ်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။

ယခုတော့ မင်းသမီးလုံကျိမှ ရုတ်တရက် ထုတ်ဖော်လာရာ ကျွင်းလုံခန်း ဒဏ်ရာအပြင်းအထန် ရရှိသွားတော့သည်။

"သေစမ်း"

"အရှက်မရှိလိုက်တာ"

"ဒါလား ရှေးဟောင်းလူထူးဆန်း"

ကျွင်းမိသားစု၏ လူငယ်များက အော်ဟစ်လိုက်ကြသည်။

ကျွင်းလုံခန်းနှင် မင်းသမီးလုံကျိက နတ်ဘုရားသိုင်းများဖြင့် အချင်းချင်း ရင်ဆိုင်နေကြခြင်း ဖြစ်သည်။

သို့ရာတွင် မင်းသမီးလုံကျိက ထိပ်တန်းအဆင့် အဓိပဓိလက်နက်ကို ရုတ်တရက် ထုတ်ဖော်လိုက်၏။ ထိုအခြေအနေမျိုးတွင် မည်သူမဆို အားနည်းချက်ရာသို့ ချက်ချင်း ကျရောက်သွားရမည် ဖြစ်သည်။

သို့သော်လည်း ကျွင်းမိသားစုမှ လူငယ်များနှင့်ယှဉ်လျှင်... အကြီးအကဲများက အတော်ပင် တည်ငြိမ်နေပြီး လေးလေးနက်နက် သက်ပြင်းချလိုက်သည်။

"ဒီကမ္ဘာကြီးမှာ တရားမျှတမှု ဘယ်လိုရှိနိုင်မှာလဲ"
ကျွင်းဝူရှန့်လည်း သက်ပြင်းချလိုက်လေသည်။

မင်းသမီးလုံကျိက ကိုယ်တိုင် အားကောင်းရုံသာမကဘဲ ခိုင်မာသော နောက်ခံလည်း ရှိသည်။

သူမတွင် အဓိပဓိနည်းလမ်းများနှင့် ထိပ်တန်းလက်နက် အမျိုးမျိုးတို့ပင် ပြတ်လပ်မှုမရှိပေ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now