၅၅၁ - ၅၅၅

707 71 1
                                    

အခန်း ( ၅၅၁ ) လက်မှတ်ထိုးနင်ရန် နေရာအသစ်... ငရဲကြယ် ဆယ့်ကိုးလွှာ၊ အနက်ရောင်ဝတ်ရုံနှင့် လျှို့ဝှက်သောသူ။

"ဟမ့်၊ ခွေးမ၊ မင်း ဘာသိလိုလဲ"
ခေါင်းကိုးလုံးခြင်္သေ့၏ ခေါင်းကိုးခုစလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

"နင်...."
ခုန်းရွှမ်က ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။

ထိုအချိန်တွင် တပ်မှူးက ကြေးမှန်တစ်ချပ်ကို ထုတ်ယူလိုက်သည်။ ခဏအကြာတွင် ငရဲကြယ်၏ ထောင့်တိုင်းမှ မြင်ကွင်းများ ထင်ဟပ်လာခဲ့၏။

ဟုတ်ပေသည်၊ ဒဏ္ဍာရီလာ ဆယ့်ကိုးလွှာကိုတော့ ထိုမှန်ထဲတွင် မထင်ပေါ်ပေ။
   
ထိုနေရာတွင် လျှို့ဝှက်ဆန်းကြယ်သော အထူးနယ်ပယ်တစ်ခုရှိပြီး မှော်ရတနာ သို့မဟုတ် မည်သည့် နည်းလမ်းနှင့်မျှ ချောင်းကြည့်၍ မရနိုင်ပါချေ။

"နောက်ပြီးကျရင် ငါ့သခင်က ဆံပင်ရှိတဲ့ ကတုံးကို ဘယ်လို ရိုက်ပြမယ်ဆိုတာ မင်းကြည့်ထား"
ခေါင်းကိုးလုံးခြင်္သေ့က အော်လိုက်သည်။

"အချိန်တန်ရင် မြင်နေရမှာက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် နှိပ်စက်ခံနေရမဲ့မြင်ကွင်းပဲ"
ခုန်းရွှမ်က အေးစက်စက်ဖြင့် ပြန်ပြောလိုက်၏။

ဤအခိုက်အတန့်တွင် အဖြူရောင်ဝတ် အဘိုးအိုတစ်ဦးက ရုတ်တရက်ပေါ်လာသည်။

ဤအဘိုးအိုကို မြင်သောအခါ တပ်မှူး၏မျက်ခုံးများ တလှုပ်လှုပ်ဖြစ်သွား၏။ သူက ချက်ချင်း လက်ယှက်ကာ ပြောလိုက်သည်။
"အုပ်ချုပ်သူကို နှုတ်ခွန်းဆက်ပါတယ်"

ဤအဘိုးအိုက ဟူလောင်ဂိတ်မှ  အဓိပတိ ဖြစ်ချေသည်။

"ဘယ်လို၊ အုပ်ချုပ်သူတောင် ရောက်လာခဲ့ပြီလား"
  
ငရဲကြယ်ထဲသို့ မဝင်သေးသော ပါရမီရှင် အတော်များများက အလွန်အံ့သြသွားကြသည်။

"ဟားဟားဟား၊ ငါလည်း နည်းနည်း စိတ်ဝင်စားလို့ပါ"
ချုံးမင်အဓိပဓိက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

'အုပ်ချုပ်သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်အတွက် ဒီကိုရောက်နေပုံရတယ်'
တပ်မှူးက သူ့ဘာသာသူ တွေးလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now