အပိုင်း ၈၆ မှ ၉၀

974 75 1
                                    

အခန်း ( ၈၆ ) ကျွင်းရှောင်ယောက် ရောက်ရှိလာပြီး အားလုံးကို တုန်လှုပ်စေခဲ့သည်၊ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။

ခပ်လှမ်းလှမ်းတွင် ကျန်စစ်သည်များ စုရုံးလာပြီး အမှောင်ထုသာ လွှမ်းခြုံသွားသောမြင်ကွင်းက အားလုံးကို ဆံပင်မွှေးထောင်ထသွားစေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်မှ ပုံရိပ်နှစ်ခုက သူတော်စင် အရှိန်အဝါများ ထွက်ပေါ်နေ၏။

၎င်းက မိုးပြာနဂါးဘုရင်နှင့် ကျားဖြူဘုရင်သာ ဖြစ်တော့သည်။

လိပ်နက်ဘုရင်နှင့် ပေါင်းသောအခါ သူတော်စင်သုံးပါးလုံးဖြစ်လာပြီး မီးငှက်ဘုရင်ကို ရင်ဆိုင်လိုက်ကြသည်။

မီးငှက်ဘုရင်လည်း မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွား၏။

သူဟာ သူတော်စင်နယ်ပယ်သို့ အဆင့်တက်သွား၍ စိတ်ဓာတ်တက်ကြွနေသော်လည်း မမျှော်လင့်ဘဲ သူတော်စင်သုံးပါးက ဝိုင်းရံထားသည့် မြင်ကွင်းကြီးကို ကြုံတွေ့လိုက်ရသည်။

သူ့ကို ပို၍အံ့သြစေတာတာကတော့ ပေါင်းစည်းရန် မဖြစ်နိုင်သော ရှေးဟောင်းတိုင်းပြည်သုံးခုဟာ ယခုအချိန်တွင် မီးငှက်တိုင်းပြည်ကို တိုက်ခိုက်ဖို့ အင်အားများ ပေါင်းစည်းလိုက်ခြင်းပင်။

"ခမည်းတော်...."
ပိုင်ယုအာက အသံပို့လွှတ်ပြီး ဤကာလအတွင်းဖြစ်ပျက်ခဲ့သမျှကို အတိုချုံးရှင်းပြလိုက်သည်။

"ဒီလိုဖြစ်သွားတာပဲ"
မီးငှက်ဘုရင်လည်း အနည်းငယ် တုန်လှုပ်သွား၏။

ထိုသခင်လေးဆိုသူက အလွန်ကြီးမားသော နောက်ခံရှိကြောင်း ထင်ရှားသည်။

မဟုတ်ပါက ရှေးဟောင်းတိုင်းပြည်သုံးခုကို အနိုင်ယူရန် မဖြစ်နိုင်ပါချေ။

ထို့ထက် ယခုအချိန်တွင် အရေးကြီးဆုံးအချက်က ၎င်းတို့၏ မီးငှက်တိုင်းပြည်တပ်များဟာ တိုင်းပြည်သုံးခုတပ်များကို လုံးဝ မတားဆီးနိုင်ပေ။

သူကိုယ်တိုင်ကလည်း ဘုရင်သုံးပါးကို မကိုင်တွယ်နိုင်ပါချေ။

အရေးကြီးဆုံးက စစ်မြေပြင်နောက်ကွယ်တွင် ထိုသခင်လေး၏ လျှို့ဝှက်ဆန်းကြယ်သော အကူညီများ ရှိကောင်းရှိနိုင်နေခြင်း ဖြစ်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now