အခန်း ၃

1.4K 115 0
                                    

အခန်း ( ၃ ) အစွမ်းထက်သော ကျောက်ကပ်နတ်ရတနာ၊ ကျောက်စာတိုင်၏ တည်နေရာ

မျက်စိတစ်မှိတ်အတွင်း သုံးနှစ်ကြာသွားခဲ့ချေပြီ။

ကျွင်းရှောင်ယောက်နှင့် ပတ်သက်သည့် သတင်းများကမူ ကျွင်းမိသားစုတစ်ခုလုံးတွင် ပျံ့နှံ့နေဆဲပင်။

ကျွင်းရှောင်ယောက်ဟာ မွေးဖွားလာသည်နှင့်တစ်ပြိုင်နက် ဘိုးဘေးဆယ့်ရှစ်ကို နိုးထစေခဲ့သည်။ တချိန်တည်းမှာပင် နတ်ဘုရားသားတော်အဆင့်အတန်းကို အပ်နှင်းခံခဲ့ရကြောင်း လူတိုင်းသိ၏။

သို့သော် ကျွင်းကျန်းထျန်း၏ တားမြစ်ချက်ကြောင့် စီကွမ်သုညဟူသော အဆင့်အတန်းသတင်းကမူ ထွက်ပေါ်မလာသေးပါချေ။

အကြောင်းမူ ကျွင်းကျန်းထျန်းက ကျွင်းရှောင်ယောက်၏ ဆယ်နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပရန် ရည်ရွယ်ထားခဲ့သောကြောင့်ပင်။ ထိုအချိန်တွင် ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေတစ်ခုလုံးမှ ထိပ်သီးအင်အားစုများကို ဖိတ်ခေါ်၍ တခါတည်း ကြေညာမည် ဖြစ်သည်။

သူဟာ ကျွင်းရှောင်ယောက်ကို တစ်ကြိမ်တည်းနှင့် နာမည်ကျော်ကြားစေလိုသည်။

ဤအတွက် ကျွင်းရှောင်ယောက်ဟာ ဆယ်နှစ်အတွင်း အေးအေးချမ်းချမ်း ကြီးပျင်းလာနိုင်ပေ၏။

သို့မှသာ ကျွင်းမိသားစုအတွင်းမှ မကျေနပ်မှုဖြစ်ပေါ်လာလျှင် ကျွင်းရှောင်ယောက်ကိုယ်တိုင် ဖြေရှင်းနိုင်ပေလိမ့်မည်။

ကျွင်းရှောင်ယောက်ကည်း ဤအခြေအနေကို လုံးဝ ဂရုမစိုက်ပေ။

သူဟာ သူ၏ ပင်ကိုယ်ပါရမီကို ယုံကြည်မှုရှိ၏။

ဆယ်နှစ်က လုံလောက်သည်ထက် ပိုပေသည်။

"ရှောင်ယောက်... ခန္ဓာငါးပါးအနောက်မှာ နတ်ရတနာငါးပါးရှိတယ်..။ ဒါက နတ်နှလုံးသား၊ နတ်အသည်း၊ နတ်သရက်ရွက်၊ နတ်အဆုတ်နဲ့ နတ်ကျောက်ကပ်တဲ့... ဒီနတ်ရတနာငါးပါးက သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ စတာတွေနဲ့ အသီးသီး သက်ဆိုင်တယ်"

"နတ်ရတနာငါးပါးပြီးရင် ဝိညာဉ်ပင်လယ်ဖွဲ့စည်းနိုင်လို့ နတ်နန်းတော်ကိုသိပ်သည်းပြီး အစစ်အမှန်ဝိညာဉ် အသွင်ပြောင်းနိုင်တယ်"

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Onde histórias criam vida. Descubra agora