အပိုင်း ၇၆ မှ ၈၀

1.1K 73 1
                                    

အခန်း ( ၇၆ ) လျှို့ဝှက်ဆန်းကျယ်သော တာအိုကာကွယ်သူ လှုပ်ရှားလာခြင်း၊ တစ်ချက်တည်းဖြင့် နဂါးပြာအကြီးအကဲ ဒဏ်ရာအပြင်းသွားရသွားခဲ့ခြင်း

အဓိပဓိရတနာသိုက်အတွင်းမှ ကျွင်းရှောင်ယောက်နှင့် တခြားသူများ ထွက်ပေါ်လာသည်။

ကျွင်းရှောင်ယောက်ဟာ တိုက်ပွဲကြီးများကို ကြုံတွေ့ခဲ့ရသော်လည်း သူ၏ အဖြူရောင်အဝတ်အစားများက သန့်ရှင်းသပ်ရပ်နေဆဲပင်။ သူဟာ ကိုယ်ပိုင်ခြံဝင်းထဲ၌ လမ်းလျှောက်ထွက်ကာ ပြန်လာသကဲ့သို့ သက်တောင့်သက်သာရှိနေသည်။

လွတ်လပ်ပေါ့ပါးပြီး‌ ချောမောခန့်ညားသောအသွင်ဖြင့် သူဟာ အမျိုးသမီးကျင့်ကြံသူများ အသည်းနှလုံးကို ဆွဲယူသိမ်းပိုက်ပြန်၏။

သူတို့၏စိတ်ထဲတွင် ကျွင်းရှောင်ယောက်သာ တစ်ဦးတည်းသော ကိုးကွယ်ရာနတ်သားလေး ဖြစ်တော့သည်။

သို့သော်လည်း ပရိသတ်က စိတ်လှုပ်ရှားစွာ မအော်ဟစ်ရသေးခင်က အရှိန်အဝါနှစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

ယင်းက ကျိပန်းရင်နှင့် နဂါးပြာအကြီးအကဲပင် ဖြစ်သည်။

သန်မာသော အရှိန်အဝါနှစ်ခုဟာ သွေးဆူနေသော ပရိသတ်ကို ချက်ချင်း သတိပြုမိသွားစေခဲ့၏။

အဓိက ပုဂ္ဂိုလ်ကြီးများသည်လည်း လေးနက်သောမျက်လုံးများဖြင့် ဆက်လက်ဖြစ်ပွားလာမည်အား စောင့်ကြည့်လိုက်ကြသည်။

ကျွင်းရှောင်ယောက်ဟာ အနှောင်အဖွဲ့ကင်းကင်းဖြင့် လွတ်လပ်စွာ ပြုမူခဲ့၏။

သူဟာ ဘိုးဘေးနဂါးသိုက်မှ နဂါးမိန်းကလေးကို ရှက်ရွံ့စွာဖြင့် ထွက်ပြေးစေခဲ့သည်။

ထို့နောက် ကျိမိသားစုမှ သူတော်စင်ငယ်ကျိရွှမ်၏ လက်တစ်ဖက်ကို ဖြတ်တောက်လိုက်ပြန်သည်။

ကျွင်းရှောင်ယောက်နေရာတွင် တခြားပါရမီရှင်ဆိုပါက ထိုသို့ ပြုလုပ်ဝံ့မည်မဟုတ်ပေ။

မဟုတ်လျှင် အပြင်ရောက်သည်နှင့်တပြိုင်နက် ကျိပန်းရင်နှင့် နဂါးပြာအကြီးအကဲ၏ တိုက်ရိုက်သတ်ဖြတ်ခြင်းကို ခံကြရနိုင်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Donde viven las historias. Descúbrelo ahora