အခန်း ( ၅၂၁ ) အမည် မသိထိုက်သော မဟာရှန်မင်းဆက်၏ မင်းသမီး၊ ဆမ်ဆာရာနတ်ဆိုးဂိုဏ်း၏ဘဏ္ဍာတိုက်။အင်မော်တယ် အင်အားစုတစ်ခု ကျွင်းဧကရာဇ်ခုံရုံးသို့ ပါဝင်လိုနေသည်။ ယင်းက အမှန်တကယ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိပေသည်။
ပန်ဝူနတ်ဘုရားမင်းဆက်၏ အင်အားက ကျဆင်းနေပြီး အင်မော်တယ် အင်အားစုများကြားတွင် အောက်ခြေဖြစ်တည်မှုတစ်ခုသာ ဖြစ်သည်။
သို့သော်လည်း၊ မည်သို့ပင်ဆိုစေကာမူ ၎င်းက အင်မော်တယ် အင်အားစုဟူ အမည်ကို သယ်ဆောင်ထားဆဲပင်။
သူတို့ဟာ ဤကဲ့သို့ ကျွင်းဧကရာဇ်ခုံရုံးကို ဝင်ရောက်လိုသည်မှာ လူအများ၏မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။
"အိုး"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက နက်ရှိုင်းသွားသည်။ဤပန်ဝူဧကရာဇ်သခင်က တကယ်ကို လိုက်လျောညီထွေ ရှိပေသည်။
ပန်ဝူဧကရာဇ်သခင်၏ အကြည့်များက ခိုင်မာသည်။
သဘာဝအတိုင်း၊ သူသည် စိတ်အားထက်သန်စွာ ဟန်ဆောင်ခြင်းမဟုတ်ပါ။ သေချာစဉ်းစားပြီးနောက်၊ သူသည် ဧကရာဇ်ဟောင်း၊ အခြားသူများနှင့်ပင် ဆွေးနွေးခဲ့သည်။
ပထမအချက်မှာ ပန်ဝူနတ်ဘုရားမင်းဆက်က အင်အား ကျဆင်းသွား၍ အင်မော်တယ် အင်အားစုဟူသော အမည်ကိုပင် ပံ့ပိုးထားရန် ခက်ခဲခဲ့သည်။
ဒုတိယအချက်မှာမူ၊ ၎င်းတို့ ဧကရာဇ်လက်နက်ကို ကျွင်းမိသားစုမှ သိမ်းယူသွားခဲ့၍ ၎င်းတို့၏ အမွေအနှစ်အစိတ်အပိုင်းတစ်ခု ဆုံးရှုံးခဲ့ပေသည်။
နောက်ဆုံးအချက်တစ်ခုကတော့ ဤကမ္ဘာကြီးဟာ ပြဿနာများ၊ စစ်ပွဲ အတက်အကျများ ပြည့်လာတော့မည့်အတွက် ဖြစ်သည်။
အခြား နယ်မြေကြီးများ၊ တားမြစ်နယ်မြေများနှင့် အခြားနေရာများမှာလည်း အချို့သော လှုပ်ရှားမှုများ စတင်ပေါ်ပေါက်လာကြပြီ။
အနာဂတ်တွင် လှိုင်းလေထန်နေပါက ပန်ဝူနတ်ဘုရားမင်းဆက် တစ်ဦးတည်း ရှင်သန်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။
VOUS LISEZ
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Aventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...