အပိုင်း ၁၄၁ မှ ၁၄၅

976 69 0
                                    

အခန်း ( ၁၄၁ ) အပျိုဆောင်ထဲကို ရောက်နေပြီလား၊ ရွှေတောင်ပံဘုရင် ရှောင်ပန်၏စိတ်အတွေး၊ အင်မော်တယ်အရင်းအမြစ်များ ရိတ်သိမ်းရခြင်း။

အင်မော်တယ်နတ်ဘုရားမင်းဆက်၏ မင်းသမီးကြီးက ကျွင်းရှောင်ယောက်‌ခြေရင်းတွင် ကြောင်လေးတစ်ကောင်ကဲ့သို့ လဲလျောင်းနေသည်အား တွေးကြည့်ရန်ပင် မလွယ်ပေ။

ယင်းက စွန့်ပစ်ခံလိုက်ရသော အိမ်မွေးသားရဲလေးတစ်ကောင်နှင့် ဆင်တူသည်။

အကယ်၍ ယင်ယန်မြင့်မြတ်သားတော်သာ ဤမြင်ကွင်းကို မြင်လိုက်ရပါက သူ့ဘဝကိုပင် သေချာပေါက် သံသယဖြစ်မိပေလိမ့်မည်။

ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"မင်းဒီကို ဘာလာလုပ်တာလဲ"

"သခင်က ကောင်းကင်တာအိုမျှော်စင်ကိုလာမယ်လို့ကြားတာကြောင့် မင်ယွဲ့က သခင့်ကိုတွေ့ဖို့ ချက်ချင်း ထွက်လာခဲ့တာပါ"
ဝူမင်ယွဲ့က ခပ်တိုးတိုး ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ လှည့်ကွက်နှင့် ဟန်ပန်အမူအရာများအောက်တွင် ဝူမင်ယွဲ့က တကယ်ကို သစ္စာရှိသူတစ်ယောက် ဖြစ်နေခဲ့ချေပြီ။

"သခင်လေး၊ သူက..."
နံဘေးတွင် ကျွင်းလင်းလုံက အလွန်အံ့သြသွားကာ လှပသော မျက်လုံးများပင် အနည်းငယ် ပြူးကျယ်သွားသည်။

ကျွင်းရှောင်ယောက်နှင့် ဝူမင်ယွဲ့၏ ဆက်ဆံရေးဟာ လျှို့ဝှက်ချက်တစ်ခုကဲ့သို့ ဖြစ်နေသေး၍ ၎င်းတို့အပြင် ကျွင်းကျန်းကျန့် တစ်ယောက်သာ သိပေသည်။

"ဒါက ဇာတ်လမ်းရှည်ကြီးပါပဲ၊ ဒါပေမယ့် မင်ယွဲ့က မင်းယုံကြည်နိုင်တဲ့သူတစ်ယောက်ပါ"
ကျွင်းရှောင်ယောက်က ပြုံးလျက် ပြောလိုက်သည်။

ယင်းကိုကြားသောအခါ ဝူမင်ယွဲ့က လှပစွာပြုံးလိုက်၏။

ကျွင်းရှောင်ယောက်၏ ယုံကြည်မှုကိုရရှိခြင်းက သူမကို အလွန်ပျော်စေသည်။

သို့ရာတွင် ကျွင်းလင်းလုံကား မပျော်နိုင်ဘဲ သူ့မျက်လုံးများတွင်လည်း ရန်လိုမှုအရိပ်အမြွက်တို့ ဖြစ်ပေါ်လာသည်။

သူမသည် ခြိမ်းခြောက်မှု အနည်းငယ်ကိုပင် ခံစားလာရ၏။

"အပြင်က ယင်ယန်မြင့်မြတ်သားတော်က မင်းကို စိတ်ဝင်စားနေပုံရတယ်"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Wo Geschichten leben. Entdecke jetzt