အပိုင်း ၁၈၁ မှ ၁၈၅

886 68 0
                                    

အခန်း ( ၁၈၁ ) အစောင့်အရှောက်ဝင်္ကပါကို ဓားတစ်ချက်တည်းဖြင့် ဖျက်ဆီးလိုက်သော ကျွင်းရှောင်ယောက်၊ ဒီနေ့ ဝူကျိကြယ်နန်းတော်ကို ဖျက်ဆီးပစ်။

ဤတိုက်ပွဲက အလွန်အရေးကြီးပြီး အနာဂတ်တွင် ကြယ်တာရာတိုက်ကြီး၏  အရှင်သခင်ဖြစ်လာမည့်သူကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်သည်။ 

ထို့ကြောင့်၊ ဥက္ကာပျံခန်းမ၊ ရန်ရှန့်တာအိုနှင့် ကြာနီဂိုဏ်းကဲ့သို့ ထိပ်တန်းအင်အားစုများလည်း ဤတိုက်ပွဲကို သက်သေခံရန် ရောက်ရှိလာခဲ့ကြပေသည်။

ထိုအချိန်တွင် အဝေးမှ ကောင်းကင်ယံ၌ ရွှေရောင်အလင်းများ ဖြာထွက်နေသော ခေါင်းကိုးလုံးခြင်္သေ့ကြီးတစ်ကောင် ဆင်းသက်လာသည်။

၎င်း၏ အရှိန်ကအလွန်ကြောက်စရာကောင်းပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တိမ်များကလည်း ကောင်းကင်မှာပြန့်ကျဲနေရသည်။

"လခွမ်း၊ အဲဒါက ကောလဟာလတွေအတိုင်း ထိပ်တန်း ရှေးဟောင်းတော်ဝင်မိသားစုက ခေါင်းကိုးလုံး ခြင်္သေ့ကြီးပဲလား"

"တကယ်ပါပဲ၊ ရှေးစာအုပ်တွေမှာသာ မြင်ဖူးတဲ့ ခေါင်းကိုးလုံးခြင်္သေ့က ငါ့ရှေ့မှာ အသက်ရှင်လျက် ပေါ်လာခဲ့ပြီ"

"ဒါတောင် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်‌စီးတဲ့ ရထားဆွဲတဲ့ သားရဲပဲရှိသေးတယ်၊ ဘုရား ဘုရား... ငါ့မျက်စိနဲ့မမြင်ရရင် ယုံနိုင်မှာတောင် မဟုတ်ဘူး"
   
ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

အောက်ကမ္ဘာသားများအတွက်တော့ ခေါင်းကိုးလုံးခြင်္သေ့တစ်ကောင်က အမြင်ကျယ်စေဖို့ လုံလောက်ခဲ့ချေပြီ။

ခေါင်းကိုးလုံးခြင်္သေ့ဆိုလျှင်ပင် မိုဖန်းအပါအဝင် အောက်ကမ္ဘာရှိ ပါရမီရှင်အားလုံးကို ဖိနှိပ်ရန်အတွက် လုံလောက်သည်။
   
သို့ရာတွင် ထိုကဲ့သို့ အားကောင်းသည့် ခေါင်းကိုးလုံးခြင်္သေ့ကြီးက လှည်းဆွဲရသော စီးတော်တစ်ခုမျှသာ ဖြစ်လေရာ အောက်ကမ္ဘာရှိ ပါရမီရှင်များလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေတော့သည်။ 
   
သူတို့က ကျွင်းမိသားစုမှ နတ်ဘုရားသားတော်၏ စီးတော်လောက်တောင် အဆင့်တန်းမရှိဘူးလား။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Donde viven las historias. Descúbrelo ahora