အပိုင်း ၂၉၆ မှ ၃၀၀

794 64 0
                                    

အခန်း ( ၂၉၆ ) ကြီးမြတ်သောလမ်းစဉ်ဖြင့် ပဲ့တင်ထပ်၍၊ နတ်ဘုရားသားတော်ကို လူတိုင်း လေးစားကြကုန်သည်။

ပြောရလျှင် ကျွင်းဝူချန်၏ လက်ရှိ တာအိုကို နားလည်မှုက ရေကန်တစ်ခုဟု ဆိုပါလျှင်…

ကျွင်းရှောင်ယောက်နားလည်သော တာအိုက အကန့်အသတ်မရှိသော ပင်လယ် ဖြစ်သည်။

ထိုနှစ်ခုက လုံးဝ မတူပေ။

"ရှက်စရာ၊ တကယ်ကို ရှက်စရာပဲ။ အခုထိ ငါနားလည်ထားတဲ့တာအိုက နတ်ဘုရားသားတော်နဲ့ယှဉ်ရင် တစ် ရာခိုင်နှုန်းအောက်ပဲ ရှိတယ်"
ကျွင်းဝူချန်က သက်ပြင်းချပြီး ပို၍ လေးနက်စွာ နားထောင်လိုက်လေသည်။

ထိပ်တန်းစီကွမ်ဆယ်ဦး မဆိုထားနှင့်…

မျိုးနွယ်စုအကြီးအကဲများပင်လျှင် ကောင်းကင်ယံမှ ဤမြင်ကွင်းများကိုကြည့်ရင်း တုန်ယင်သွားကြသည်။

“မင်း တာအိုတရားဟောတုန်းက ကောင်းကင်နဲ့ မြေပြင်က သဘာဝအာရုံတွေ ဒီလို အများကြီး ပေါ်လာတာလား”
မျိုးနွယ်စုအကြီးအကဲတစ်ဦးက ထုံကျဉ်နေကာ မေးလိုက်သည်။

"မဟုတ်ဘူး"
အခြားမျိုးနွယ်စုအကြီးအကဲလည်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။

၎င်းတို့ ဤကို‌ ရောက်နေခြင်းမှာ ကျွင်းရှောင်ယောက် တစ်ခုခု မှားသွားမှာကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။

ရလဒ်အနေဖြင့် ယခုအခါ မှားယွင်းရန် မဆိုထားနှင့်၊ ကျွင်းရှောင်ယောက်၏ နားလည်မှုက ဤမျိုးနွယ်စုအကြီးအကဲများထက်ပင် ပို၍ နက်ရှိုင်းနေသေးသည်။

ထို့နောက် ထိုမျိုးနွယ်စုအကြီးအကဲများလည်း တင်ပျဉ်ခွေထိုင်ကာ  ကျောင်းသားများကဲ့သို့ ကျွင်းရှောင်ယောက်၏ တာအိုတရားကို ဂရုတစိုက် နားထောင်လိုက်ကြသည်။

ဤသို့ မိုးနှင့်မြေ၏ အာရုံများက ကျွင်းမိသားစုကို အတော်လေး တုန်လှုပ်သွားစေခဲ့ပေသည်။

"ဒီလောက်ကြွယ်ဝတဲ့ တာအိုသံစဉ်တွေ ဘယ်ကလာတာလဲ"

"ဒါက ကောင်းကင်ဧကရာဇ်နန်းတော်ကပဲ၊ နတ်ဘုရားသားတော်ရဲ့ တာအိုတရားဟောရာကနေ ဖြစ်ပေါ်လာတဲ့ အာရုံများ ဖြစ်နေလေမလား"
ကျွင်းမိသားစု၏ နေရာတိုင်းတွင် အံ့အားသင့်စွာ ပြောဆိုသံများ ထွက်ပေါ်လာသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now