အခန်း ( ၈ ) အကောင့်ဝင်ရန် နေရာသစ်၊ စီကွမ်တစ်ဆယ် ကျွင်းကျန်းကျန့် ထွက်ပေါ်လာခဲ့ချေပြီ
ထို့နောက် ကျွင်းရှောင်ယောက်ဟာ ကျွင်းလင်းလုံနှင့် ကျွင်းကျန်းထျန်းကိုခေါ်၍ ကောင်းကင်ဧကရာဇ်လမ်းနန်းတော်သို့ ပြန်လာခဲ့လိုက်သည်။
တိုက်ပွဲစင်မြင့်မှာတော့ ကျွင်းမိသားစုဝင် လူငယ်လေးများသာ မနာလို၊ အံ့အားသင့်နေသော အကြည့်များဖြင့် ကျန်ရစ်ခဲ့ကြ၏။
ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်မကောင်းခဲ့လျှင် သဘာဝအရ သူတို့ဟာ လှောင်ပြောင်သရော်ခဲ့ကြပေလိမ့်မည်။
သို့ရာတွင် ယခုတော့ ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုက လူတိုင်း၏ မျှော်လင့်ချက်ကို လုံးဝ ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ကျွင်းလင်းလုံပင် ကျွင်းရှောင်ယောက်၏ အစေခံဖြစ်သွားရတာ အားလုံး မျက်မြင်ကိုယ်တွေ့ပင် မဟုတ်ပါလား။
"ခင်ဗျား ပြောကြည့်စမ်း... ကျွင်းကျန်းကျန့်က သူ့ကို သွားတွေ့မှာလား"
ကျွင်းမိသားစုဝင် လူငယ်တစ်ယောက်က စိတ်ဝင်စားစွာ မေးလိုက်သည်။"မဖြစ်နိုင်ဘူး... ကျွင်းကျန်းကျန့်က ငတုံးမဟုတ်သ၍တော့ နတ်ဘုရားသားတော်ကို ပြဿနာသွားမရှာသင့်ဘူး"
တခြားသူများ ခေါင်းကို ခါယမ်းလိုက်ကြ၏။ကျွင်းရှောင်ယောက်ကို ဘိုးဘေးဆယ့်ရှစ်က အလွန်တန်ဖိုးထားတာ အားလုံးအသိပင် ဖြစ်ချေသည်။ သူဟာ အနာဂါတ်တွင် ကျွင်းမိသားစု၏ မဟာပုဂ္ဂိုလ်ကြီးပင် ဖြစ်လာနိုင်သည်။
လန်ချင်းယာ့ကြောင့် ကျွင်းကျန်းကျန့်က ကျွင်းရှောင်ယောက်ကို စော်ကားခဲ့လျှင် ရလဒ်ကောင်းမည် မဟုတ်ပါချေ။
တကယ်တမ်း ကျွင်းရှောင်ယောက်ကလည်း ကျွင်းကျန်းကျန့်ကို ဂရုမစိုက်ပေ။ အကယ်၍ ကျွင်းကျန်းကျန့်က လာရှာလျှင်လည်း ဝမ်းမြောက်ဝမ်းသာ လက်ခံပေးမည် ဖြစ်သည်။
"ဒါက ကောင်းကင်ဧကရာဇ်နန်းတော်လား"
ကျွင်းလင်းလုံဟာ သူ့ရှေ့မှ ခမ်းနားထည်ဝါသော နန်းတော်ကြီးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/331129853-288-k818796.jpg)
DU LIEST GERADE
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Abenteuerဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...