၄၈၁ - ၄၈၅

658 64 1
                                    

အခန်း ( ၄၈၁ ) ရှန်းကုဝိညာဉ်၏ ဒုတိယစွမ်းအင်၊ ဖင်းဂေါ့ခန္ဓာဧကရာဇ်ဖြစ်လာရန် လမ်း၊ ဧကရာဇ်လမ်းတွင် လက်မှတ်ထိုးဝင်ရန် အခွင့်အလမ်း။

ကျွင်းရှောင်ယောက် မျက်လုံးဖွင့်လိုက်သည်နှင့် သူတော်စင်တစ်ယောက်၏ ကြောက်မက်ဖွယ်ရာ ဖိအားများ ထွက်ပေါ်လာသည်။

ကျွင်းရှောင်ယောက်က ယခုထိ အသက် ဆယ့်ရှစ်နှစ်သာ ရှိသေးသည်ကိုတော့ တွေးကြည့်ရန်ပင် မလွယ်ပေ။

အသက် ဆယ့်ရှစ်နှစ်အရွယ် သူတော်စင်၊ ဤစကားကိုကြားရပါက လူတိုင်း ရယ်စရာဟု ထင်မှတ်ကြလိမ့်မည်။

ပထမအဆင့် အင်အားစုတချို့၏ အကြီးအကဲတချို့သည်ပင် သူတော်စင်နယ်ပယ်ထက် မပိုကြောင်း သိထားကြရမည် ဖြစ်သည်။

တစ်နည်းဆိုရသော် ကျွင်းရှောင်ယောက်၏ လက်ရှိအင်အားက မျိုးဆက်ဟောင်းများမှ ကျွမ်းကျင်သူများကိုပင် လိုက်မီနေခဲ့ပြီ။

ကျွင်းရှောင်ယောက်က ခေတ်အဆက်ဆက်တွင် အသက်အငယ်ဆုံး သူတော်စင်ဟုပင် ဆိုနိုင်သည်။

ကျွင်းရှောင်ယောက်ကိုယ်တိုင်ပင် အနည်းငယ် မင်သက်သွားသည်။ သူ့စိတ်က အနည်းငယ် ဖရိုဖရဲဖြစ်ကာ ရှုပ်ထွေး နောက်ကျိသွား၏။

နောက်ဆုံးတွင်၊ သူ ဘာမှမဖြစ်သကဲ့သို့ အိပ်ပျော်နေသည်မှာ နှစ်နှစ်ကြာသွားပြီ။ သို့ဖြစ်ပေရာ ချက်ချင်း သူ့အသိစိတ် ပြန်ပေါ်လာရန်မှာ မဖြစ်နိုင်ပါချေ။

ခဏအကြာမှ ကျွင်းရှောင်ယောက်ဟာ ဖြစ်ပျက်ခဲ့သည်များကို သူ့စိတ်ထဲတွင် တဖြည်းဖြည်း သတိရလာသည်။

ကြေးအင်မော်တယ်နန်းတော်ထဲကို ဝင်ရောက်လာပြီးနောက် ဝမ့်ထန့်နှင့် လုံအိုထျန်းကိုသတ်ကာ သတ်ဖြတ်ခြင်းအစီအရင်ထဲကို မတော်တဆ ဝင်ရောက်မိရာမှ အရာအားလုံး၏မိခင်ချီဖြင့် နှစ်မြှပ်ခံခဲ့ရခြင်း ဖြစ်ပေသည်။

ကျွင်းရှောင်ယောက်က သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်ပြီး သူ့ကိုယ်သူ ကြည့်လိုက်သည်။

သူ့အသားရေက ဖြူဖွေးကြည်လင်ပြီး အပြစ်အနာအဆာကင်းကာ အကောင်းမွန်ဆုံးသော ကျောက်စိမ်းကဲ့သို့ဖြစ်ပြီး အင်မော်တယ်အလင်းများလည်း ဝန်းရံနေသည်။ မိန်းကလေးများပင် သူ့ကိုမြင်လျှင် မနာလိုဖြစ်ကြပေလိမ့်မည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Nơi câu chuyện tồn tại. Hãy khám phá bây giờ