အပိုင်း ၂၇

1.2K 92 0
                                    

အခန်း ( ၂၇ ) ကျန်းလော့လီ၏အနေအထား၊ ရဲ့ရှင်းယွင် ရန်စခြင်း

ကျွင်းရှောင်ယောက်၏ ချောမောခန့်ညားသောအသွင်ကြောင့် အားလုံး ငေးမောသွားရသည်။

မိန်းမပျိုလေးများသည်လည်း အနှီနတ်သားလေးက သူတို့ဝိညာဉ်များကို ခိုးယူသွားသည့်နှယ် ငေးမောကာ ငေးမောကာ ကြည့်နေကြ၏။

ကျွင်းရှောင်ယောက်ဟာ ကောင်းကင်မှ ဆင်းသက်လာသည့် နတ်သားတစ်ပါးနှယ် သူ့အမူအရာများက မြင့်မြတ်သည့်အသွင်ဆောင်နေသည်။

"ဒါက နတ်ဘုရားသားတော်လား... ကောလဟာလတွေထက်တောင် သူက အဆတစ်ရာ ပိုချောတာပဲ... တကယ်ကို နတ်ဘုရားသားတော်ပဲ"
အားလုံး သက်ပြင်းချလိုက်ကြသည်။

ထိုစဉ် မိန်းမပျိုလေးတစ်ယောက်၏အသံက တိတ်ဆိတ်မှုကိုဖြိုခွင်းကာ ထွက်ပေါ်လာသည်။

"အို... ရှင်က ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက်လား"
ယင်းက အရောင်တလက်လက်တောက်ကနေသော  မျက်လုံးပြူးပြူးလေးနှင့် ကောင်မလေးတစ်‌ယောက်ပင်။ သူဟာ အနီရောင်နှုတ်ခမ်းလေးကို အသာဟ၍ ပြောလာသည်။

"ဟုတ်ပါတယ်... ဒါထက် မင်းက..."
ကျွင်းရှောင်ယောက် မျက်ခုံးပင့်၍ အနှီမိန်းမလှလေးကို လှည့်ကြည့်လိုက်သည်။

ပထမဆုံး သူသတိထားမိသည်က ဤမိန်းကလေးဟာ အရပ်နည်းနည်းပု၏။

ဟုတ်ပေသည်။

ယင်းက ကျန်းလော့လီသာ ဖြစ်သည်။ ကျန်းလော့လီဟာ တောက်ကသောမျက်လုံး၊ ဖြူဖွေးသော သွားအစုံ၊ ချစ်စဖွယ် ပါးချိုင့်လေးနှစ်ခုနှင့် ချစ်စရာကောင်းလွန်းသူ ဖြစ်သည်။

သို့သော် သူ့ခန္ဓာလေးက သေးသေးသွယ်သွယ်နှင့် အရပ် ငါးပေခန့်သာ ရှိ၏။

ကျန်းလော့လီက အနည်းငယ်ရှက်ရွံ့ဟန်ဖြင့် ပါးပြင်များ နီမြန်းနေကာ ပြောလိုက်သည်။
"ကျွန်မ... ကျွန်မနာမည်က ကျန်းလော့လီပါ"

"ကျန်းလော်လီတာလား"
ထူးထူးခြားခြား နာမည်ကြောင့် ကျွင်းရှောင်ယောက် အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။

"မဟုတ်ဘူး မဟုတ်ဘူး...  ကျွန်မပြောတာက ကျန်း လော့လီပါ"
ကျန့်လော့လီ ကမန်းက‌တန်း ပြောလိုက်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Donde viven las historias. Descúbrelo ahora