အခန်း ( ၃၅၆ ) ချူထျန်းပါ့၏ရုပ်ခန္ဓာ ပြန်လည်ကောင်းမွန်လာပြီ၊ အခြေတည်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်သွားခြင်း၊ မြင့်မြတ်ခန္ဓာနှင့် အသျှင်ခန္ဓာ၏ နောက်ဆုံးတိုက်ပွဲ စတင်တော့မည်။
အတုအယောင်ဘုရားသခင်နယ်ပယ်ကိုဖြတ်ကျော်ကာ သန့်ရှင်းသောကိုယ်ခန္ဓာကိုဖော်ညွှန်းသည့်နောက်ဆုံးတိုက်ပွဲ။
"မင်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေပုံရတယ်။ အတိတ်သမိုင်းမှာ ငါ့အသျှင်ခန္ဓာက မြင့်မြတ်ခန္ဓာကို အကြိမ်ရေတချို့ အနိုင်ယူခဲ့ဘူးတယ်နော်"
ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ ချူထျန်းပါ့ လှောင်ပြောင်ပြောဆိုလိုက်သည်။
အကယ်၍ သူ့တွင် မပြည့်စုံသော အသျှင်ခန္ဓာအတိုင်း ရှိနေသေးပါက ကျွင်းရှောင်ယောက်ကို ရင်ဆိုင်ရန်အတွကါ မသေချာပါ။သို့ရာတွင် သူ့ခန္ဓာ လုံးဝပြောင်းလဲသွားပါက ကျွင်းရှောင်ယောက်ကိုဖိနှိပ်နိုင်မည်ဟု ယုံကြည်မှုရှိသည်။
ဤသည်ကား ကောင်းကင်အသျှင်ခန္ဓာ၏ မွေးရာပါ မောက်မာမှုနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပင် ဖြစ်ချေသည်။
ကျွင်းရှောင်ယောက်လည်း ဘာမျှမပြောတော့ဘဲ ခေါင်းခါယမ်းလိုက်သည်။
အနှီပုဂ္ဂိုလ်မှာ အသွင်ပြောင်းပြီးပါက အစစ်အမှန်နဂါးဖြစ်လာမည်ဟု တွေးတောနေသော ပုရွက်ဆိတ်နှင့် တူသည်။
သို့ရာတွင် သန်မာသူများ၏ အမြင်မှာတော့ ဤသည်မှာ ပုရွက်ဆိတ်မှ မြေပိုးကောင်အဖြစ် ပြောင်းလဲသွားသည်ထက် ဘာမျှမပိုပါချေ။
သို့ဖြစ်ပေရာ ဘာများ ကွာခြားပါမည်နည်း။
"မင်း သိပ်ပြီး ယုံကြည်မှုရှိနေမှတော့ ဒီနတ်ဘုရားသားတော်က မင်းကို ဒီအခွင့်အရေး ပေးမယ်"
ကျွင်းရှောင်ယောက်က အရာအားလုံးကို စတင်ရန်အတွက် အလျင်မလိုပေ။အသွင်ပြောင်းပြီးလျှင်လည်း အားနည်းသည့်ကြက်တစ်ကောင် ဖြစ်နေသေးကြောင်း သိရသောအခါ ဖြစ်ပျက်လာမည့် ချူထျန်းပါ့၏ စိတ်ပျက်အားငယ်နေသော အမူအရာကို ရုတ်တရက် မြင်ချင်လာမိသည်။
YOU ARE READING
ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1
Adventureဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခုရဲ့ နတ်ဘုရားသားတော်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူက ပြိုင်ဘက်ကင်းနောက်ခံနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့မှာ ပြို...