၄၆၁ - ၄၆၅

830 68 0
                                    

အခန်း ( ၄၆၁ ) အမှောင်ကမ္ဘာမင်းသား ကျဆုံးသွားခဲ့ပြီ၊ ဘုရင်သတ်အစီစဉ်ကို ဖြန့်ကျက်ခဲ့သော အနက်ရောင်ဝတ်ရုံဖြင့်လူ၏ အမှတ်အသား၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ရူးသွားပြီ။

ဤသည်မှာ ကျွင်းရှောင်ယောက်ကိုယ်တိုင် ဖန်တီးထားသော မဟာတာအို နတ်ဘုရားစွမ်းရည်ကို လက်တွေ့တိုက်ပွဲတွင် ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဤအလင်းများ ပေါ်လာသောအခါ လူတိုင်း၏ အာရုံကို အလိုအလျောက် စွဲဆောင်သွားကြသည်။

ထိုအတွက် ထမဆုံးခံစားချက်က လှပခြင်းပင်။

ဒုတိယခံစားမှုကတော့ အန္တရာယ် ဖြစ်သည်။

အလွန်အန္တရာယ်များ၏။

သာမန် ပါရမီရှင်များ မဆိုထားနှင့်၊ ရှေးဟောင်းလူထူးဆန်းများပင်လျှင် ခေါင်းမွှေးထောင်ထသွားကြသည်။
   
"ဒါက ဘာနတ်ဘုရားစွမ်းရည်ကြီးလဲဟ..."

"ကြောက်စရာကောင်းလိုက်တာ၊ ဒါက အရာအားလုံးကို ချေမှုန်းပစ်လိုက်နိုင်ပုံရတယ်"

ပတ်ဝန်းကျင်တစ်ခုလုံးမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။

ယင်းက ကျွင်းရှောင်ယောက်၏ မူလနတ်ဘုရားစွမ်းရည်ကို လူအများရှေ့တွင် ပထမဆုံးအကြိမ် ထုတ်ဖော်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

သူလှုပ်ရှားလိုက်သည်နှင့် လူတိုင်းမှာ အလွန် တုန်လှုပ်သွား၏။

ဤအလင်းက အမှောင်ထုကိုဖြတ်ကာ ဖရိုဖရဲအက်ကြောင်းများဖြင့် ကမ္ဘာကြီးကို ပိုင်းခြားသွားနိုင်ပုံရသည်။

နတ်ဘုရားအလင်း ဖြတ်သွားသည်နှင့် လက်တစ်ဖက် အမှောင်ဘုရင်ဟာ မီးခိုးငွေ့များကဲ့သို့ ဝေဝါးကာ ပျောက်ကွယ်သွားခဲ့သည်။

အမှောင်ကမ္ဘာမင်းသားလည်း ထို့အတူ ဖြစ်သွားရ၏။

သူ၏ အသက်ဓာတ်ကိုလည်း နတ်ဘုရားအလင်းက ဝါးမျိုသွားကာ အသွေးအသား တစ်လက်မတိုင်းက ပြိုကျကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူ၏ ရှေးဦးဝိဉာဉ်သည်ပင်လျှင် မလွတ်မြောက်နိုင်ဘဲ သေဆုံးသွားရသည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Où les histoires vivent. Découvrez maintenant