အပိုင်း ၂၉၁ မှ ၂၉၅

933 67 0
                                    

အပိုင်း ( ၂၉၁ ) ကြိုတင်စီစဉ်မယ်၊ လုံအိုထျန်းကို ဒီဇိုင်းဆွဲပြီး ရှောင်ချန်းကို သတ်ခြင်း။

ယခုအချိန်တွင်၊ ပြိုင်ပွဲ၏ရလဒ်က သံသယပွားရန် မလိုတော့ပါ။

အကယ်၍ ကျွင်းရှောင်ယောက်သာ အချိန်မီ ပေါ်မလာပါက မင်းသမီးလုံကျိသည် ကျွင်းလုံခန်းကိုကျော်ပြီး ထီးနန်းတက်မှာ သေချာသည်။

ယင်းက ကျွင်းမိသားစု၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပေမည်။

သို့ရာတွင် ယခုအခါ ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ယင်းက လူများ၏ မျှော်လင့်ချက်ထက်ပင် များစွာ ကျော်လွန်သွားပေပြီ။

ကျွင်းရှောင်ယောက်၏ တိုးတက်မှုက မနှေးမှန်း သူတို့သိသည်။

သို့သော်လည်း ကျွင်းရှောင်ယောက်ကို အချိန်တိုလေးအတွင်းမှာ ဤမျှ သန်မာနိုင်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ဤအဖြစ်အပျက်ပြီးနောက် ကျွင်းရှောင်ယောက်၏ ဂုဏ်သိက္ခာသည် အထွတ်အထိပ်သို့ ရောက်ရှိသွားနိုင်ပြီ ဖြစ်သည်။

မျိုးဆက်သစ်လူငယ်များကြားတွင် သူ၏ ပြိုင်ဘက်ကင်း စံချိန်ကလည်း ဆက်လက်ရှိနေဦးမည်ဟု မျှော်လင့်ရပေသည်။

"ကျွင်းရှောင်ယောက်၊ နင့်ရဲ့ အင်မော်တယ်မျိုးစေ့က ဘာလဲ"
ကျွင်းရှောင်ယောက်၏ နင်းချေမှုကြောင့် မင်းသမီးလုံကျိဟာ အလွန်အမင်း မကျေမနပ်ဖြစ်နေသော်လည်း မသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်။

သူမ၏ အင်မော်တယ်မျိုးစေ့သည် ရှေးဧကရာဇ်၏ ပြောင်းပြန်အကြေးခွံဖြစ်၍ အလွန်အဆင့်မြင့်နေပြီဖြစ်ပြီး  သာမန် အင်မော်တယ်မျိုးစေ့များထက် များစွာ ပိုမိုအစွမ်းထက်သည်။

သို့တိုင် နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်က သူမကို  လွှမ်းမိုးထားဆဲပင်။

မြင့်မြတ်ခန္ဓာ အာရုံနှစ်ခုအပြင် ကျွင်းရှောင်ယောက်၏ အခြားစွမ်းအားများက မင်းသမီးလုံကျိကို ထိတ်လန့်သွားစေသည်။

ကျွင်းရှောင်ယောက်က ပြုံးရုံသာပြီး ဘာမှ မပြောပေ။

သို့ပေမည့် သူသည် နတ်ဘုရား၏မူလကို တမင်တကာ ဖုံးကွယ်ထားမည်မဟုတ်ပါ။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Hikayelerin yaşadığı yer. Şimdi keşfedin