၅၆၆ - ၅၇၀

612 53 0
                                    


အခန်း ( ၅၆၆ ) ဧကရာဇ်လမ်းပေါ်မှ စံချိန်ကို ထိတွေ့ခြင်း၊ ဟင်းလင်းပြင်ဓားသမားကြီး၏ မုန်းတီးမှု၊ ချက်ချင်း သတ်ဖြတ်ခြင်း။

"နှစ်ဝက်ကျော်သွားပြီ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ငရဲကြယ် ဆယ့်ကိုးလွှာကနေ မထွက်လာသေးဘူး၊ သူ တကယ်ပဲ သေသွားခဲ့တာလား"

"ငါတော့ မထင်ဘူး၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ကြေးအင်မော်တယ်နန်းတော်ကို ဝင်သွားတုန်းကလည်း အချိန်အတော်ကြာပြီးမှ ပြန်လာခဲ့တာပဲလေ"

"နှစ်နည်းနည်းလောက် စောင့်မကြည့်ဘူးဆိုရင် ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် တကယ်ကျဆုံးသွားတာလား၊ ဒါမှမဟုတ် ကြောက်စရာကောင်းအောင် ဖွံ့ဖြိုးနေတာလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

"ဧကရာဇ်လမ်းရဲ့ ဆယ့်ရှစ်ခုမြောက်ဂိတ်က ပျက်ဆီးခြင်းကောင်းကင်စစ်မြေပြင် ပွင့်လာတော့မှာနော်။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ထွက်မလာဘူးဆိုရင် သူက တာအိုတံဆိပ်တော်ရဖို့ အခွင့်အလမ်းကို လက်လွှတ်ခံမှာ မို့လို့လား"
  
ပါရမီရှင်များက အချင်းချင်း ပြောဆိုလိုက်ကြသည်။

တာအိုသက်သေပြခြင်း၏ တံဆိပ်တော်က အလွန်အရေးကြီးသည်။ ဤသည်မှာ ကောင်းကင်တာအိုမှပေးသော အသိအမှတ်ပြုခြင်း ဖြစ်ပေသည်။

တာအိုသက်သေပြခြင်းတံဆိပ်ကို ရရှိနိုင်ပါက အနာဂတ်တွင် သက်သေထူရန် ကြိုးစားသောအခါ အလွန်အဆင်ပြေသွားမည် ဖြစ်သည်။

ထို့ပြင်၊ အဆုံးစွန်ရှေးဟောင်းလမ်းကို လျှောက်လှမ်းရန် အရည်အချင်းပြည့်မီသော ပါရမီရှင် အများစုက တာအိုသက်သေပြခြင်း တံဆိပ်ကို ရရှိခဲ့သော ပါရမီရှင်များ ဖြစ်သည်။

တာအိုဉာဏ်အလင်းတံဆိပ်တော်ကို ပေါင်းစပ်ထားသည့် ပါရမီရှင်များက တာအိုဉာဏ်အလင်းတံဆိပ်ကို ပေါင်းစပ်မထားသူထက် အဆပေါင်းများစွာ အားကောင်းသေးသည်။

တာအိုသက်သေပြခြင်း တံဆိပ်တော်ကို မရယူပါက အဆုံးစွန် ရှေးဟောင်းလမ်းကို လိုက်သွားလျှင်ပင် အခြား ပါရမီရှင်များထက် နိမ့်ကျသည်ဟု ဆိုနိုင်သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Where stories live. Discover now