646 - 650

566 42 0
                                    

အခန်း ( ၆၄၆ ) ဖရိုဖရဲကြယ်ပင်လယ်၊ နေနတ်ဘုရားတောင်မှ ရွှေကျီးကန်းအစောင့်များ၊ သူတော်စင်လေး ယွိချန်ကျွမ့်။

ကျွင်းရှောင်ယောက် တံခါးပိတ်ကျင့်ကြံခြင်းကို ဝင်ရောက်သော်လည်း အဆုံးစွန်ရှေးဟောင်းလမ်းက တိတ်ဆိတ်ငြိမ်သက်မသွားပေ။

ဆန့်ကျင်ဘက်အနေဖြင့် ပါရမီရှင်အသီးသီး ထွန်းတောက်ကြပြီး အလွန် ကျော်ကြားခဲ့ကြသည်။

ကောင်းကင်အသျှင်မျိုးဆက်မှ တုနှိုင်းမဲ့အသျှင်၊ လူသားအင်မော်တယ်ဂိုဏ်းမှ လျှို့ဝှက်ဆန်းကြယ်သော အမွေဆက်ခံသူ၊ ကုရ်အာန်သူတော်စင်ဂိုဏ်းမှ ရှန့်ထျန်းယီ၊ ချင်မိသားစု၏ နတ်ဘုရားသားတော် ချင်ဝူတောက်နှင့် သတ်ဖြတ်သူနတ်မင်းဆက်၏ မိစ္ဆာကြယ် စသည်ဖြင့်...

တားမြစ်ပါရမီရှင်တိုင်းက လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်သော ဘုန်းကျက်သရေနှင့် ဒဏ္ဍာရီများကို သယ်ဆောင်ခဲ့ကြသည်။

၎င်းတို့ထဲတွင် ရှေးဟောင်းလမ်း၏အဆုံးကိုရောက်အောင် မည်သူက ဆွဲဆောင်နိုင်မလဲဆိုတာ လူတိုင်းက အလွန်သိချင်ခဲ့လေသည်။

ကျွင်းရှောင်ယောက်အပြင် အခြားပါရမီရှင်များကလည်း ကိုယ်ပိုင်နာမည်များကို တည်ဆောက်နိုင်ခဲ့သည်။
 
ကျန်းစန်းယီ၊ ကျန်းလော့လီနှင့် အခြားသူများက ရှေးဟောင်းလမ်းတွင် နာမည်ကျော်ကြားသော နတ်သမီးများ ဖြစ်ခဲ့၏။ ၎င်းတို့၏ ရုပ်ရည်အပြင် ခိုင်မာသောခွန်အားက အရပ်ရပ်မှ မရေမတွက်နိုင်သော လူများ၏ နှစ်သက် လေးစားမှုကို ရရှိစေခဲ့သည်။

ကျွင်းမိုရှောင်၊ ကျွင်းလုံခန်း အစရှိသည့် အခြားစီကွမ်များကလည်း ဤအတိုင်းမနေပေ။

ကျွင်းရှောင်ယောက်သာ မရှိပါက‌ ကျွင်းမိသားစု၏ အထူးချွန်ဆုံး လူငယ်များမှာ ၎င်းတို့ဖြစ်နိုင်သည်။
 
ကျွင်းမိသားစု မျိုးဆက်တိုင်းတွင် စီကွမ်များက အလွန်ထက်မြက်ခဲ့သူများ ဖြစ်သည်။ ၎င်းတို့က မိမိခေတ်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ပါရမီရှင်များ ဖြစ်ချေသည်။

သို့ရာတွင်၊ ယခုခေတ်မှာ ကျွင်းရှောင်ယောက်ဟူသည့် ကွဲလွဲမှုတစ်ခု မွေးဖွားလာခဲ့သည်။

ပြိုင်ဘက်ကင်းမိုးကောင်းကင်သိုင်း၀ိဉာဥ်(ကျွင်းရှောင်ယောက်) Book 1 Tempat cerita menjadi hidup. Temukan sekarang