Chapter-90 (အခွင့်အရေးအရမ်းယူတာပဲ!)

5.7K 821 30
                                        

Unicode ❤️❤️

အခွင့်အရေး အရမ်းယူတာပဲ!

'ကျန်းရှန်ကို တော်တော်စနောက်လို့ကောင်းနေတာပဲ ဘော့စ်ရေ! လန်ယွမ်နဲ့တုံးကတောင် တစ်ခါမှ အလိုမလိုက်ခဲ့ဘူး'

ပိုင်ဟောင် အသံထွက်မပြောပဲ သူ့ဘာသာသူ ခပ်တိုးတိုး​သာဆိုလိုက်သည်။ နောက်ပြီး ဖေးစစ်ရန်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေတာကြောင့် သူ့အနေနဲ့ မှတ်ချက်ပေးခြင်းမပြုသင့်ပေ။

ထိုအချိန်၌  လက်အောက်ငယ်သားတစ်ယောက်ဆီမှ ကြားရသော အစီရင်ခံခြင်းကြောင့် ရှန်ဇီဟောင် ဒေါသထွက်လာသည်။ ဖေးစစ်ရန်စံအိမ်သို့ စေလွှတ်လိုက်သော တပည့်တွေ တစ်ယောက်မျှ ဖေးစစ်ရန်အား မတုန့်ပြန်နိုင်ကြောင်းကို ကြားရတော့ ရှန်ဇီဟောင် မျက်မှောက်ကြုတ်လိုက်သည်။

'ကြည့်ရတာ သူတို့ဘက်က သတိထားမိသွားတဲ့ပုံပဲ'

"ကျွန်တော်တို့ အခု ဘာဆက်လုပ်ရမလဲ?"  ရှန်ဇီဟောင်ဘေးတွင်ရပ်နေသော တပည့်များထဲမှ တစ်ယောက်ကမေးလိုက်သည်။

"ရတယ်..  ငါတို့ကိုယ်ငါတို့ အင်အားဖြည့်ပြီးသွားပြီ.. ဒါဆိုရင် လုံလောက်နေပြီ"  ထို့နောက် ရှန်ဇီဟောင်သည် ယုတ်မာစွာပြုံးလိုက်သည်။အစီအစဉ်တစ်ခုခု သူ့ဆီတွင် ရိှနေသည့်ပုံပင်။

"နောက် ဒုတိယအဖွဲ့ကို နောက်ပြန်ဆုတ်ခိုင်းလိုက်တော့.. အပြင်မှာစောင့်နေစရာမလိုတော့ဘူး"

"နောက်ပြန်ဆုတ်မယ်?? ဒါပေမဲ့ ဖေးစစ်ရန်ရဲ့ ဇနီးကို ရအောွခေါ်လာခဲ့မယ်လို့ သခင်ဟောင် ကို ကတိပေးထားတယ်လေ"

'ငါတို့ ဒီတိုင်း နောက်ဆုတ်လိုက်ရင် သခင်ဟောင့်ကို ဘယ်လို ပြောရတော့မလဲ'

"ငါ့မှာ အစီအစဉ်တစ်ခုရိှတယ်.. တပ်ဆုတ်ခိုင်းလိုက်"

"နားလည်ပါပြီ"

တပည့်ဖြစ်သူကသည်လည်း ဘာမှ ဆက်မမေးတော့ပဲ ဒုတိယအဖွဲ့အား နောက်ကြောင်းပြန်ဆုတ်ရန် ပြောလိုက်သည်။

ထိုအချိန်တွင် သခင်ဟောင်၏ စံအိမ်၌

"ရှန်ဇီဟောင်က တကယ်ပဲ သူ့လူတွေကို ဖေးစစ်ရန်ဆီ လွှတ်လိုက်တာလား"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ