Chapter-47(ကိုယ့်ကိုကိုယ်သာအပြစ်တင်လိုက်တော့)

8.6K 1.4K 43
                                    

Unicde ❤️❤️

ကိုယ့်ကိုကိုယ်သာ အပြစ်တင်လိုက်တော့

အောက်ထပ်တွင် ဖေးလုလုနဲ့ ဖန်းရှောင်တို့က ညဘက်အစာပြေ စားသောက်နေကြသည်။ သူတို့ မီးဖိုချောင် အဝင်တံခါးဝကို ကြည့်မိချိန်တွင် ကမ္ဘာပေါ်တွင် မယုံနိုင်စရာအကောင်းဆုံးအရာတစ်ခုကို မြင်တွေ့လိုက်ရသလိုမျိုး သူတို့မျက်နှာပေါ်၌ အံ့သြမှုများ ပေါ်လွင်လာသည်။

အကြောင်းကတော့ ဖေးစစ်ရန်က ကျန်းရှန်ကို သူလက်မောင်းတို့ကြားထဲမှ ပွေ့ချီလာကာ စကားတစ်ခွန်းမှပြောခြင်းမရိှပဲ ဝင်လာတာကြောင့်ပင်ဖြစ်သည်။ကျန်းရှန်ကို သူတို့ရဲ့ မျက်စောင်းထိုးနေရာတွင် ထိုင်စေကာ အစေခံတစ်ယောက်အား အမိန့်ပေးလိုက်သည်။
"ဆန်ပြုတ် တစ်ပန်းကန် ပြုတ်ထားပေး"

"ဟုတ်ကဲ့ ဆရာ.. ခနစောင့်ပါ"

ထိုအစေခံက မီးဖိုချောင်သို့ အမြန်သွားကာ စားဖိုမှူးအား အမိန့်ကို လက်ဆင့်ကမ်းလိုက်သည်။

"ဘုရားသခင်... အခုရော ဘာအရူးထပြန်ပြီလဲမသိဘူး"

ကျန်းရှန် တီးတိုးရေရွတ်လိုက်သည်။သူဟာ သေးဆုံးပြီးသားလူတစ်ယောက်၏ အစားထိုးခံ လူတစ်ယောက်ဖြစ်ရန် သင့်လျော်တာ​ကို သိကတည်းက ကျန်းရှန် မျက်နှာသည် အတော့်ကို စိတ်ဓာတ်ကျနေပုံပေါ်သည်။

ထိုအချိန်တွင် ဖန်းရှောင်ကတော့ လက်သီးကိုတင်းတင်းဆုပ်ထားကာ မကျေမနပ်ဖြစ်နေသည်။ ဖေးစစ်ရန် ​ပြန်ရောက်ပြီဆိုတာကို ကြားတ​ာကြောင့် သူ ဖေးလုလုနဲ့အတူ ညဘက် အစာပြေစားရန် အောက်ထပ်သို့ ဆင်းလာခြင်းသာဖြစ်သော်လည်း ဒီလိုမြင်ကွင်းမျိုး မြင်ရမယ်လို့ မမျှော်လင့်ထားမိပေ။

'သေလိုက်တော့! ဖေးစစ်ရန် ပြန်မလာခင် တစ်အပတ်ကတည်းက ငါ ဒီခွေးကောင်ကို သတ်ပစ်လိုက်ရမှာ.. အခုတော့ ဖေးစစ်ရန်က သူ့ကို အလေးပေးနေပြီ'

ဖေးလုလုကတော့ ထမင်းစားစားပွဲအောက်မှ ကျန်းရှန်ကို သူမခြေထောက်နှင့်ကန်လိုက်ကာ မျက်လုံးပြူးကြီးဖြင့် သူမရဲ့ ဒေါသနှင့်မကျေနပ်မှုကို ပြသလိုက်သည်။
'အခု ဘာတွေဖြစ်နေတာလဲ! ညဘက်အစာပြေစားဖို့အတွက်ကို ငါ့အကိုက ဘာလို့ နင့်ကို ချီလာရတာလဲ??'

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Où les histoires vivent. Découvrez maintenant