Chapter-23(ထူးဆန်း၍ချိုမြိန်သောအချစ်ကမ္ဘာလေး)

11K 1.5K 43
                                    

Unicode  🧛‍♂️🧛‍♂️

"ကျန်းရှန်ကိစ္စက.. ဝန်ကြီးချုပ်အိမ်တော်က သူ့ကို သတ်ပြီး ကျန်းရှောင်ကို ဒီကိုပို့လိုက်တာများလား?? သူကလည်း လန်ယွမ့်နဲ့ ချွတ်စွပ်တူနေတော့ သူတို့ဘက်က လှုပ်ရှားမှုက မရိုးရှင်းလောက်ဘူး"
ပိုင်ဟောင် သူ့ ဆေးသေတ္တာအား သိမ်းဆည်းရင်းပြောလိုက်သည်။

"ဒီကိစ္စအတွက် အကျဉ်းချုပ်ကို ငါတို့လွယ်လွယ်မခန့်မှန်းနိုင်ဘူး...  ပယောဂနှင်သူအဖွဲ့က ကျန်းရှန်ကို လုပ်ကြံသတ်ဖြတ်တယ်ဆို လန်ယွမ့် ဝိဉာဉ်ဝင်စားမယ်မှန်း သိနေတာဖြစ်နိုင်တယ်..  ဒါ သမန်းဝံပုလွေတွေလက်ချက်ဖြစ်နိုင်တယ်... ဗန်ပိုင်းယားနဲ့ သမန်းဝံပုလွေတွေက ရာစုနှစ်အတော်ကြာအောင် ရန်သူဖြစ်လာခဲ့တာ .. လန်ယွမ့် မွေးဖွားမဲ့ကိစ္စသိရင်တောင် ဒါ့ကြောင့် သမန်းဝံပုလွေတွေဘက်က ဘာမှလှုပ်ရှားမှာမဟုတ်ဘူး
ဝန်ကြီးချုပ်မိသားစုကတော့ လန်ယွမ့် ဗန်ပိုင်းယားအဖြစ် မွေးဖွားလာပြီး စွမ်းအားကြီးသူအဖြစ် ငါ့ဘက်မှာရိှနေမှာကို သူတို့ကြောက်ကြတယ် ဒါ့ကြောင့် သူတို့ အမြန်လှုပ်ရှားလိုက်တာဖြစ်နိုင်တယ်"

ဖေးစစ်ရန် အသံအေးစက်နေသော်လည်း ကျန်းရှန်ကိုသာ စိတ်ရှုပ်ထွေးသော အကြည့်တို့ဖြင့် ကြည့်နေသည်။

ဖေးစစ်ရန်က သူချစ်ရသောသူအား နောက်တစ်ကြိမ်ထပ်တွေ့ဆုံခွင့်ရချင်တာကြောင့် နှစ်ပေါင်းရာကျော်ကြာအောင် စောင့်မျှော်ချင်ခဲ့သည် ရိုးရှင်းသော ဆန္ဒလေးတစ်ခုသာ ရိှသည်။ ကျန်းရှန်အား ရိှသမျှအားအင်ဖြင့် ကာကွယ်ရန်ကြိုးစားရင်း သူ့ရဲ့အိပ်မက်လေး မကြာခင်ဖြစ်မြောက်တော့မည်ဟူသော စိတ်က အသွေးအသားထဲစီးဆင်းနေတာ သေမတတ်ပင်။

ပိုင်ဟောင် ဖေးစစ်ရန်မျက်ဝန်းထဲမှ ဝမ်းနည်းမှု နာကျင်မှုများကို မြင်မိချိန် မေးမြန်းခြင်းအားရပ်တန့်လိုက်တော့သည်။

"ငါ သွားအိပ်တော့မယ်.. မင်းလည်း စောစောအနားယူသင့်ပြီ"
ပိုင်ဟောင် ဆေးသေတ္တာအား ယူကာ ထွက်သွားလိုက်သည်။

ဖေးစစ်ရန်ကတော့ "အင်း" ဟူသော စကားတစ်ခွန်းသာ ဖြေပြီး ကုတင်၏ တစ်ဖက်တွင်ထိုင်ကာ ကျန်းရှန်အား တိတ်တဆိတ် ငေးကြည့်နေမိသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now