အပိုင်း(105) ကျန်းရှန်အားတင်းကြပ်စွာဖက်တွယ်ခြင်း

1.1K 98 2
                                    

Unicode (ကျန်းရှန်အား တင်းကြပ်စွာဖက်တွယ်ခြင်း)

ဖေးစစ်ရန်ကိုရှာချင်လို့သာ ပိုင်ဟောင်ခေါ်ရာ ပါသွားရှာသော ကျန်းရှန်မှာ မိုးမျှော်ခုန်ချသူတွေကဲ့သို့ တိမ်တိုက်တွေ ဝန်းရံနေတဲ့ လေပေါ်မှာ မတ်တပ်ရပ်နေရသည်ကို အိပ်မက်ယောင်ယောင် ဖြစ်နေရသည်။

ပိုင်ဟောင်ရဲ့ ကျောနောက်မှ အတောင်ပံတစ်စုံထွက်လာပြီး စံအိမ်ပေါ်မှာ ဖြတ်ကာ ပျံသန်းသွားခါမှ ကျန်းရှန်တစ်ယောက် အိပ်မက်မဟုတ်ပဲ တကယ့်အစစ်အမှန်ဖြစ်နေတယ်ဆိုတာကို ယုံကြည်လိုက်ရသည်။

'ချီးး! နတ်ဆိုးတွေမှာ အတောင်ပံကြီးတွေ တကယ်ရှိတာလား! ပြီးတော့ ပျံလို့လဲရတယ်ပေါ့! စောက်ရမ်းလန်းသွားပြီ အားကျ'

ကျန်ရှန်း မဝန်ခံချက်ပဲဝန်ခံရရင် တော်တော်လေးအားကျမိရပြီး သူ့ကိုယ်သူ ဘာမှသုံးစားမရတဲ့ ဗန်ပိုင်းယားတစ်ကောင်လို့ ခံစားမိကာ စိတ်ပျက်သွားသည်။

စံအိမ်ပေါ်ကနေ ပျံသန်းရင်း အကာအကွယ်စည်း ဝန်းရံထားသည်ကို တွေ့တော့ ပိုင်ဟောင်မျက်မှောင်ကြုတ်လိုက်မိသည်။ စံအိမ်ထဲမှာပဲ ပိတ်မိနေတော့မယ်ဟု ထင်လိုက်မိတော့လဲ အံ့ဩစွာဖြင့် သူ‌ရော လက်မောင်းထဲပွေ့ခေါ်လာတဲ့ကျန်းရှန်ရော သူ့နောက်မှပါလာတဲ့ ရွှီချွမ်နဲ့ မှော်ဝင်ငါးပါ ထို စည်းအား ဖြတ်သန်းပြီးဖြစ်နေသည်။

ပိုင်ဟောင် အံ့အားသင့်သွားရသည်။ ရင်းယန်ရဲ့ မှော်ပညာအရ သူ့လို‌ မှော်နက်စွမ်းအင်အသုံးပြုသော နတ်ဆိုးများ ထိုစည်းအား ဖြတ်ကျော်ခြင်းမပြုနိုင်ပေ။

'ဘယ်လိုဖြစ်တာလဲ?' ပိုင်ဟောင် တခနတာ မှင်သက်သွားပြီးနောက် ကျန်းရှန်ကို ကြည့်လိုက်မိသည်။

'ကျန်းမိသားစုနဲ့ပက်သက်ပြီး ဖြေရှင်းစရာကိစ္စတစ်ခုခုများရှိလို့လား'

ဒါဆို ကျန်းမိသားစုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကဘာလဲ? ပြီးတော့ သူတို့ကရော ဘာလို့ ဒီစည်းကို ကျော်နိုင်ရတာလဲ?

"ကျူးကျော်သူတွေ ဝင်ရောက်နေတယ်!"

အကာအကွယ်စည်းကို ကျော်ပြီး တော်ဝင်မိသားစု အိမ်‌တော်ထဲသို့ သူတို့အားလုံး ခြေချမိသည်နှင့်အတူ အစောင့်တပ်သားများစွာ ဝင်ရောက်လာပြီး ဝန်းရံကာ လှံဖြင့် ချိန်ထားကြသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now