Chapter-70(PDA during the fight)

7.2K 1.2K 21
                                    

Unicode ❤️❤️

PDA during the fight

ပိုင်ဟောင်တို့နောက်မှ လိုက်လာသော ရန်သူတွေကတော့ သူတို့နဲ့ ခပ်ဝေးဝေးကို ရောက်သွားတာကြောင့် စိတ်မရှည်စွာဖြင့် အရှိန်အား ရုတ်တရက် မြှင့်လိုက်သည္။

တစ်နာရီအကြာမှာတော့ သူတို့အားလုံး မြို့ပြင်သို့ ရောက်လာကြသည်။

ပိုင်ဟောင်က ကားကို parking ထိုးလိုက်က အင်ဂျင်အား စက်သတ်လိုက်သည်။

တစ်ဖက်က ရန်သူတွေကတော့ ပိုင်ဟောင်ဘာလို့ ကားကို parking ထိုးမှန်းမသိတာကြောင့် စိတ်ရှုပ်ထွေးနေသော်လည္း နှစ်ခါ ပြန်စဉ်းစားဖို့ အချိန်မရိှတာကြောင့် ကားထဲမှ အမြန်ထွက်လာကာ သူတို့ကိုယ်သူတို့ အရပ် 6ပေ6 မြင့်သော သမန်းဝံပုလွေများအဖြစ် ပြောင်းလဲလိုက်ကြသည္။သူတို့ရဲ့ အစွယ်များကို ထုတ်လိုက်ပြီး ဖေးစစ်ရန်ရဲ့ ကားဆီသို့ အရှိန်ဖြင့် ပြေးထွက်လာကြသည်။

"ဘုရားသခင်.. အဲ့တာ ဘာတွေလဲ"

ကားထဲတွင် ထိုင်နေတဲ့ ကျန်းရှန်ကတော့ ဖြစ်ပျက်သွားတဲ့အရာတွေကိုကြည့္ပြီး ထိတ်လန့်သွားသည္။ ပြုးထွက်လာသောမျက်လုံးတို့ကလည်း မျက်နှာထက်မှ ကျွတ်ကျမတတ်ပင်။

"သူတို့က ဘာများပါလိမ့်? သမန်းဝံပုလွေ.. ဟုတ်သားပဲ?"  ပိုင်ဟောင်က ထိုင်ခုံ ခါးပတ်ကို နှေးကွေးစွာချွတ်လိုက်ပြီး ဂရုမစိုက်စွာပြောလိုက်သည်။

"ဟမ်?? သူတို့က ဝံပုလွေတွေလို့ ပြောလိုက်တာလား? ကျွန်တော်လည်း အရင်က ဝံပုလွေကိုမြင်ဖူးပါတယ်? ဒီဝံပုလွေတွေကကျတော့ ဘာလို့ အရွယ်အစားကြီးနေရတာလဲ? လူတွေထက်တောင် အရပ်ရှည်ပြီး အရွယ်အစားကြီးနေတယ်!!"  ကျန်းရှန် အော်ပြောလိုက္သည္။

(Note; ကျန်းရှန်ပြောနေတဲ့ သူတွေ့ဖူးတယ်ဆိုတဲ့ ဝံပုလွေက တိရစ္ဆာန်ရုံက ဝံပုလွေဖြစ်ဖို့များတယ် ဟိုလို သမန်းဝံပုလွေလို လူမျိုးကို တွေ့ဖူးတယ်လို့ ပြောတာမဟုတ်ဘူ)

"ဟုတ်တယ်လေ.. သူတို့က လူသားတွေမှ မဟုတ်တာ"

ပိုင်ဟောင္ ပြောပြီးနောက်ကားထဲမှ ထွက်သွားလိုက်သည်။ အေးစက်စက်မျက်နှာထားဖြင့် သူ့လည်စည်းအား ​ဖြေလျော့လိုက်ပြီး အင်္ကျီလက်နှစ်ဖက်အား သပ်ရပ်စွာခေါက်တင်လိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now