Chapter-54(ငါ့အကိုက သဝန်တိုနေတယ်)

8.8K 1.3K 20
                                    

Unicode 💗💗

ငါ့အကိုက သဝန်တိုနေတယ်

"စစ်ရန်! ဒီငါ​းကြော်က တကယ်အရသာရိှတယ်.. ညီမတို့တောင် နှစ်ကောင် စားပြီးသွားပြီ အရမ်းအရသာရိှတာပဲ"

ဖေးလုလုလည်း ဖေးစစ်ရန်ကို ခေါ်လိုက်ကာ ဇလုံနှင့် တူတို့အား ဆွဲယူလာပေးသည်။

"တကယ့်ရှယ်ပဲ! ရှီချွမ်ရဲ့ ဟင်းချက်ပညာကြောင့်လား ငါးကိုက အရသာရိှနေလို့လားတော့မသိဘူး"

ဟေးမင်က တောက်ပစွာပြုံးလိုက်ကာ တစ်ခုခုကို ဆိုလိုချင်နေသော အဓိပ္ပါယ်ပါဝင်နေသည်။

"မင်းက ဘာလို့ ဒီရေါက်နေတာလဲ?"
ပိုင်ဟောင် မေးလိုက်သည်။

'သူက ငါ့အခန်းထဲမှ နေနေရမဲ့အစား ငါ​းကြော်စားဖို့အတွက် အောက်ထပ်ကို ဆင်းလာတယ်??'

"ငါပဲ... အကို၁၀ ကို အောက်ထပ် လာဖို့ ငါပဲ ဖိတ်လိုက်တာ.. နင် အကို့ကို အခန်းထဲ ဝှက်ထားတာကိုတော့ ငါ အပြစ်မတင်ပါဘူး.. ဒါပေမဲ့ နင့်ကို မေးမြန်းနိုင်တဲ့အခွင့်အရေး ဘယ်သူမှ မပေးထားဘူး.. ငါ့အကိုက နင့်ရဲ့ အိမ်မွေးတိရစ္ဆာန်မဟုတ်ဘူး.. သူ အောက်ထပ် ဆင်းလာတာ ဘာဖြစ်နေလို့လဲ"

ဟေးမင် ဘာမှမပြောရသေးခင်မှာတင် ဖေးလုလုက ပြန်ပြောလိုက်သည်။ ဖေးလုလု ပြောပြီးနောက်တွင် ပိုင်ဟောင် မျက်နှာ၌ မကျေနပ်မှုများက အထင်းသားပေါ်လွင်နေသည်။

"လိမ္မာလိုက်တဲ့ ကောင်မလေး... အကို့အတွက် ပြောပေးမှန် သိပါတယ်.. ဒါပေမဲ့ မင်းက အကို့ဇနီးကို ဒီကိစ္စအတွက် ဘာလို့ အပြစ်တင်နေတာလဲ? အကို မင်းကို စိတ်ဆိုးရလိမ့်မယ်နော်.. နားလည်လား?"

ဟေးမင် က ဖေးလုလုခေါင်းကို ပုတ်ကာ ကေလးချော့မြူသလို ချော့၍ ပြောလိုက်သည်။

"ဒါမဲ့ သူက အကို့ကို အော်တာလေ"
ဖေးလုလုက နှုတ်ခမ်းဆူကာ ပြောလိုက္သည္

သူ့အကိုတွေ ပြောင်းလဲသွားပြီပဲ... အရင်က သူမကိုသာ အလိုလိုက်ပေးခဲ့ပေမဲ့ မိန်းမရသွားတော့ သူတို့မိန်းမတွေအပေါ်သာ အလိုလိုက်မှုအပြည့်ပေးကြတော့သည်။

"လာပြန်ပြီလား ဘယ်သူက မင်းဇနီးလဲ?? ပါးစပ်ပိတ်ထား!"

ပိုင်ဟောင္ပုံစံသည် ရှက်ရွံနေခြင်းမဟုတ်သလို ​ထိတ်လန့်ခြင်းလည်းမဟုတ်ပေ..

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now